နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ဘူတာသစ်နှစ်ခု တည်ဆောက်မည်

ရန်ကုန်၊ ဇွန် ၁၁

ရန်ကုန်မြို့ပတ်ရထားလမ်း  အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ဘူတာသစ်နှစ်ခု တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်း မြန်မာ့မီးရထားက ဇွန် ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ 

မြို့ပတ်ရထားလမ်းပိုင်းတွင် ဟံသာဝတီဘူတာအသစ်နှင့် တံတားကလေးဘူတာအသစ် တည်ဆောက်သည့် လုပ်ငန်းများကို အိတ်ဖွင့်တင်ဒါ ခေါ်ယူထားခြင်းဖြစ်ပြီးတင်ဒါပုံစံများကို ဇွန် ၁၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်နေပြီး အဆင့်မြှင့်တင်သည့်လုပ်ငန်းများ ပြီးစီးသွားမည်ဆိုပါက မြန်နှုန်းမြင့် ရထားများအသုံးပြုကာ နေ့စဉ် ရထားစီးခရီးသည် ၂၄၀,၀၀၀ ခန့်ကို သယ်ယူပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

   







(008)






အခြားဆက်စပ်သတင်းများ