ငါးသားပေါက်ရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဇွန် ၁ ရက်မှစ၍ ငါးဖမ်းလှေအားလုံး လုပ်ငန်းရပ်နားကြပြီဖြစ်သည်။ ငါး၊ ပုစွန်မျိုးများ မပြုန်းတီးစေရန်၊ မျိုးကောင်းမျိုးငါးများ တည်တံ့ တိုးပွားကာ ရေရှည်ထုတ်ယူစားသုံးရေးတို့အတွက် ငါးသားပေါက် သည့် မိုးရာသီတွင် ငါးဖမ်းဆီးခြင်းမပြုရန် သက်ဆိုင်ရာက နှိုးဆော် လျက်ရှိသည်။
မိုးဦးကျ ဇွန်၊ ဇူလိုင်လတို့တွင် မြစ်၊ ချောင်းအင်းအိုင်များ၌ သဘာဝအလျောက် ဥချသားပေါက်ကြမည့် အထီး၊ အမ ငါးကြီးများ ဥချရန် နေရာရှာကာ ငါးရစ်တက်ကြသည်။ ယင်းကာလအတွင်း ဖမ်းဆီးခြင်းမပြုဘဲ ငါးများသားပေါက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ငါးတစ်ကောင်မှ ထောင်သောင်းနှင့်ချီ၍ ငါးများ တိုးပွားလာနိုင်သည်။
ငါးမဖမ်းရရာသီဖြစ်သည့် ဧပြီ၊ မေ၊ ဇွန် သုံးလကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ပြည်ထောင်စုအဆင့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ငါးထုတ်လုပ်မှု ၂၀၂၀-၂၀၂၁ ခုနှစ် တွင် မက်ထရစ်တန်ချိန် ၆၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့သည်။
ပြည်တွင်း မွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးသိုင်းခေါင်းပွစသည့် ရေချိုငါးများကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အများဆုံးဝယ်ယူလျက်ရှိသည်။ ယခင်က စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ရေချိုငါးများအား အဆင်ပြေ ချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် စံပြငါးဈေး (အောင်မင်္ဂလာ ဆိပ်ကမ်း) ကို ယာယီဆိပ်ကမ်းအဖြစ်သတ်မှတ်၍ ၂၀၂၄ ခုနှစ် မတ်လမှ ဇွန် ၁ ရက်အထိ သင်္ဘော ၁၀ စင်းဖြင့် ငါးမျိုးစုံ ၁၀၈၁၂ တန် တင်ပို့နိုင်ခဲ့သည်။
ရေချိုငါးဈေးကွက်အတွင်း ငါးမြစ်ချင်း၊ ငါးကြင်းစသော မွေးမြူ ရေးငါးများကိုသာ အတွေ့ရများနေပြီး၊ ငါးရံ့၊ ငါးကျည်း၊ ငါးခူ၊ ငါးပြေမကဲ့သို့ တိုင်းရင်းငါးမျိုးမှာ ရာသီချိန်တွင်သာ အနည်းငယ် တွေ့ရသည်။ ငါးမဖမ်းရ ရာသီအတွင်း ဖမ်းဆီးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူစုဆောင်းခြင်းမပြုလုပ်ရန် လိုအပ်သည်။
ပြည်တွင်း ရေချိုငါးထုတ်လုပ်မှုတိုးတက်လာရေး ငါးသယံဇာတ များ ရေရှည်တည်တံ့နိုင်ရေးအတွက် ငါးကဏ္ဍတွင် ပါဝင်အသက် မွေးဝမ်းကျောင်းပြုနေသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက လိုက်ပါ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ငါးမဖမ်းရ ရာသီ သတ်မှတ်ခြင်း၊ ငါးမဖမ်းရ ဧရိယာများ သတ်မှတ်ခြင်းတို့မှာ ရေရှည် တွင် ငါးပုစွန်ထုတ်လုပ်မှုတိုးတက်ရေးအတွက်ဖြစ်ရာ လိုက်နာ ဆောင်ရွက်စေချင်ကြောင်း။