နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်တွင် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံးအမှတ်အများဆုံးရရှိသူတစ်ဦးထွက်ပေါ်

တာမွေ ဇွန် ၁၁

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့နယ်ပညာရေး မှူးရုံးများနှင့် အခြေခံပညာ စာစစ်ဌာနကျောင်း များတွင် ယနေ့နံနက် (၆) နာရီ တွင် ၂၀၂၄ - ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ အောင်စာရင်းများ ကို တစ်ပြိုင်နက်တည်းထုတ်ပြန် ကြေညာရာ ရန်ကုန်မြို့ တာမွေမြို့နယ်တွင် ကျောင်းသား/ သူ ၁၃၇ ဦး ဖြေဆိုအောင်မြင်ပြီး အောင်မြင်မှု ရာခိုင်နှုန်း ၅၄ ဒသမ ၂ ရာခိုင်နှုန်းရှိရာ  စုစု ပေါင်းရမှတ် ၅၅၇ မှတ် သိပ္ပံ ဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံ လုံး အမှတ်အများဆုံးကျောင်းသား တစ်ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေ မြို့နယ်တွင် ၂၀၂၄ - ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ ကျောင်းအသီးသီးမှ ကျောင်းသား ၁၁၃ ဦး၊ ကျောင်းသူ ၁၀၅ ဦး စုစုပေါင်း ကျောင်းသား/ သူ ၂၁၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျောင်းသား ၆၁ ဦး၊ ကျောင်းသူ ၆၇ ဦးစုစုပေါင်း ကျောင်းသား/သူ ၁၂၈ ဦး ဖြေဆိုအောင်မြင်ခဲ့ ပြီး ပြင်ပမှဖြေဆိုသူ ကျောင်းသား ၁၃ ဦး၊ ကျောင်းသူ ၂၂ ဦး စုစုပေါင်း ကျောင်းသား/သူ ၃၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ကျောင်းသားလေးဦး၊ ကျောင်းသူ ငါးဦး စုစုပေါင်းကျောင်းသား/ သူ ကိုးဦး အောင်မြင်ခဲ့ရာ စုစုပေါင်းမြို့နယ်အတွင်း၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ကျောင်းသား ၆၅ ဦး၊ ကျောင်းသူ ၇၂ ဦး စုစုပေါင်း ကျောင်းသား/သူ ၁၃၇ ဦး ဖြေဆိုအောင်မြင်၍ 

အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ခြောက်ဘာသာ ဂုဏ်ထူးရှင် ခြောက်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ရှစ်ဦး စုစုပေါင်းဂုဏ်ထူးရှင် ၂၃ ဦး ထွက်ပေါ်ခဲ့သည်။

ထိုကဲ့သို့ တာမွေမြို့နယ်တွင် ၂၀၂၄ - ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာ၌ လာရောက် ကြည့်ရှုသူများအနေဖြင့် အခက် အခဲမရှိ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေရေးအတွက်လည်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးဌာနက တာဝန်ရှိသူ များ၊ သက်ဆိုင်ရာစာစစ်ဌာန အသီးသီးက ကျောင်းအုပ်ကြီး များနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရပ်မိရပ်ဖများကလိုအပ် သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီ ဆောင်ရွက်ပေးကြသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ် စာမေးပွဲ အောင်စာရင်းများကို ပညာရေး ဝန်ကြီးဌာနဝက်ဆိုဒ် တွင် ဝင်ရောက် ကြည့်ရှုနိုင်သလို ယခုနှစ်တွင် လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ စာစစ် ဌာနများ၏ အောင်စာရင်းများ ကိုလည်း ယနေ့နံနက် (၆) နာရီတွင် မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ တစ်ပြိုင်နက်တည်း ထုတ်လွှင့်  ကြေညာ ပေးသည်။









သတင်းနှင့်ဓာတ်ပုံ 

နိုင်လင်းအောင် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ