နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အ‌ခြေခံစာရင်းကိုင်သင်တန်း အမှတ်စဉ် (၁၈) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်  ဇွန်  ၁၁

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အခြေခံ စာရင်းကိုင်သင်တန်း အမှတ်စဉ် (၁၈) သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့နံနက် ၇ နာရီက မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် “ယခုသင်တန်းတွင်ပို့ချခဲ့သည့် ဘာသာရပ်များ၊ ဟောပြောပို့ချမှုများ၊ ဆွေးနွေးမှုများ၊   အသိပညာအတတ်ပညာများကိုအသုံးချပြီး မိမိတို့တာဝန်များကို ဆောင်ရွက်ရာတွင် အခက်အခဲမရှိဘဲ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဖွဲ့အစည်းတစ်ဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးအချက်မှာ အဖွဲ့အစည်းဝင်များ၏ အရည်အချင်း တန်ဖိုးကို မြှင့်တင်ရေးပင်ဖြစ်ကြောင်း၊ ၎င်းကိုအခြေခံမှသာ ရေရှည်တည်တံ့ခိုင်မြဲသည့် အဖွဲ့အစည်းတစ်ဖွဲ့ ထူထောင်နိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ အရည်အချင်း  တိုးတက်မြင့်မား စေရေးအတွက် လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ မွမ်းမံ သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဥပဒေများ၊ နည်းဥပဒေများ၊ တည်ဆဲ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို စဉ်ဆက် မပြတ်သင်ယူလေ့လာနေရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကော်မတီ၏ လုပ်ငန်းများဆောင်ရွက်သည့်အခါတွင် တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိရမည့်အပြင် စေတနာအရင်းခံပြီး ဆောင်ရွက်ကြရန် အထူးလိုအပ် ကြောင်း၊ ကော်မတီရှိဌာနများအနေဖြင့်  ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြုရာတွင် ဘဏ္ဍာရေးကျင့်စဉ်ငါးချက်နှင့်အညီ ကျင့်သုံး ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ပြည်သူ့ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေအလွင့်မရှိအောင် စာရင်းအင်းအချက်အလက်များကို သတ်မှတ်ညွှန်ကြားချက်များနှင့် အညီ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လည်း ဥပဒေမူဘောင်နှင့် ညီညွတ်ရေး၊ အဂတိတရားကင်းရှင်း ရေး၊ ပြည်သူ့ဘဏ္ဍာငွေ အလေအလွင့်မရှိစေရေး စနစ်တကျသုံးစွဲ ရေးတို့အပြင် ပြည်သူလူထုလိုအပ်ချက်ကိုလည်း အမြန်ဆုံး ဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပြီး ပြည်သူများ၏ ယုံကြည် မှုရှိစေရေးအတွက် နေထိုင်ပြုမူဆောင်ရွက်ရန်နှင့် ပေးအပ်သည့် လုပ်ငန်းတာဝန်ကို အလေးထားဆောင်ရွက်တတ်ရန် အရေးကြီး ကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် ခြောက်ချက်ဖြစ်သည့်- 

(၁) ကျွန်ုပ်တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သစ္စာကိုစောင့်သိရိုသေပါမည်။ 

(၂) ကျွန်ုပ်တို့သည် ပြည်ထောင်စုမပြိုကွဲရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ပါမည်။ 

(၃) ကျွန်ုပ်တို့သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။ 

(၄) ကျွန်ုပ်တို့သည် အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပါမည်။ 

(၅) ကျွန်ုပ်တို့သည် နိုင်ငံ့ဝန်ထမ်းများပီသစွာဖြင့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းအောင်နေထိုင်ပါမည်။ 

(၆) ကျွန်ုပ်တို့သည် နိုင်ငံတော်ကပေးအပ်သော အမိန့်နှင့်တာဝန် များကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်သွားပါမည်။

ဆိုသည့် သစ္စာအဓိဋ္ဌာန်ခြောက်ချက်ကို မပျက်မယွင်းအောင် စောင့်သိလိုက်နာသွားကြရန် မှာကြားလိုကြောင်း၊ ယနေ့အချိန် အခါသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေသည့် အချိန်အခါဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည်လည်း ရန်ကုန်မြို့တော်နေ ပြည်သူများကို အမြန်ဆုံးနှင့် အများဆုံးအကျိုးပြုနိုင်မည့် လုပ်ငန်းများကို အရှိန်မြှင့်တင်ပြီးအောင်မြင်အောင် ဆောင်ရွက် သွားကြရမှာဖြစ်ကြောင်း၊ ယခုအခါ မိမိတို့စည်ပင်သာယာလုပ်ငန်း များသာမက ကျောင်းများ၊ ဆေးရုံများ၊ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးများတွင် အပတ်စဉ် သန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိ ရာ တာဝန်ရှိသူများအနေဖြင့်လည်း စိတ်စေတနာကောင်းများဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မတ် ၂၂ ရက် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၄ တွင် “ဘဏ္ဍာရေးနှစ် အစမှအဆုံးအထိ ရငွေများကို လျာထားသည့်အတိုင်းရရှိရေးနှင့် သုံးငွေများကိုလည်း လျာထား သည့်အတိုင်း သုံးစွဲနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် လိုအပ်ချက်နှင့်အညီ  ထိရောက်သည့် အသုံးစရိတ်ဖြစ်စေရေးနှင့် လျာထားချက်နှင့်အညီ အချိန်မီသုံးစွဲရေးကို အဆင့်ဆင့်တာဝန်ရှိသူများက အလေးထား  အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းနှင့် မိမိတာဝန်ယူရသည့် ဌာနအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှု များသာမက ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးကြီးကြပ်မှု လုပ်ငန်းများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီ ကြီးကြပ်ကွပ်ကဲ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း” ပြောကြားလမ်းညွှန်မှုအပေါ် လုပ်ငန်းလမ်းညွှန် အဖြစ်ခံယူ၍ ကော်မတီရှိ တာဝန်ရှိသူအဆင့်ဆင့်က အလေးအနက် ထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နိဂုံးချုပ် အနေဖြင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်ပြီး ကျရာအခန်းကဏ္ဍကနေ နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်အောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် မြို့တော်နေပြည်သူများ၏ လူနေမှုဘဝအဆင့်အတန်းမြင့်မားလာ ရေးနှင့် စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးအတွက် စိတ်စေတနာ  ကောင်းများနှင့် ကူညီဆောင်ရွက်ပေးကြရန် အလေးအနက်ထား  တိုက်တွန်းပါကြောင်း” ပြောကြားသည်။

ထို့နောက် မြို့တော်ဝန်က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား ခေါင်းဆောင်အားလည်းကောင်း၊ သင်တန်းထူးချွန်ဆု ပထမဆုကို ဘဏ္ဍာရေးနှင့်ငွေစာရင်းဌာန  ပုံသေဝန်ထမ်း ဒေါ်ဟန်နီစိုးအားလည်းကောင်း၊ ဒုတိယဆုကို ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန ပုံသေဝန်ထမ်း ဒေါ်ဆုလှိုင်ကိုအားလည်းကောင်း၊ တတိယဆုကို ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန စာရင်းကိုင် (၄) ဒေါ်ဖြိုးသန္တာခိုင်အားလည်းကောင်း အသီးသီးချီးမြှင့်ပြီး သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 

အဆိုပါသင်တန်းသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနအသီးသီးက သင်တန်းသား/သင်တန်းသူ ၅၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တပတ်လေးပတ် ကြာမြင့်သည်။








သတင်း-ရဲနန္ဒာလင်းမြင့်

ဓာတ်ပုံ-ရဲမင်းထွန်း






အခြားဆက်စပ်သတင်းများ