နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

ရန်ကုန်  ဇွန်  ၁၁

ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့ ညနေပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ကုန်းမြင့်သာ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာ စကားပြောကြားသည်။

တက်ရောက်

အစည်းအဝေးသို့ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ ရသည့် အစောပိုင်းကာလများ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုမှတစ်ဆင့် လက်နက်ကိုင် အကြမ်းဖက်  ဖျက်ဆီးမှုများအထိ ဖြစ်ပေါ်လာခဲ့သဖြင့် အချို့သော မြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာ၍ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့ ရကြောင်း။

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့သော ဒေသများ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ မည်သည့်နေရာ၌မဆို လွတ်လပ်စွာဖြင့် သွားလာ၍ရသည် ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်သမား များအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို ရယူ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် ကြံစည်ဆောင်ရွက် လျက်ရှိသဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲမပြတ် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများ၏ အငွေ့ အသက်များ ကင်းစင်အောင် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်လို ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တိုင်းစစ် ဌာနချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ပေါင်းစပ်ညှိနှိုင်း      ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက် ၍ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လမ်းနေချိန်တွင် လုံခြုံမှုနှင့် တည်ငြိမ်မှုရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အားနည်းချက်များရှိခဲ့ကြောင်း၊ အဆိုပါ အားနည်းချက်များကြောင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက် ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ထက်ဝက်ခန့်သည် လုံခြုံရေး နှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ကြောင်း၊ ရာဇဝတ်မှု များ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း။

အသိပညာဗဟုသုတ အားနည်းသူများအနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကို ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း အားနည်းပြီး မကောင်းမှု ဒုစရိုက်များကို ကျူးလွန်နိုင်ခြေ မြင့်မားသဖြင့် အသိပညာနှင့် ဆင်ခြင်တုံတရားများရရှိရေးအတွက် တိုက်တွန်းနှိုးဆော်ချက်များ ဆောင်ရွက်ခြင်း၊ လှုံ့ဆော်ပညာပေးမှု ဆောင်ရွက်ခြင်း၊ သတင်းများ ထုတ်ပြန်ပေးခြင်းအပါအဝင် အခြားနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တာဝန်ရှိသူများက ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း က ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် သက်သာချောင်ချိရေးလုပ်ငန်းများ ‌ဆောင်ရွက်ပေးလျက် ရှိမှု၊ တပ်နယ်များအလိုက် ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက် လျက်ရှိမှု၊ ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက် လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးဇုန်များ၌ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

လှုံ့ဆော်သူများမရှိစေရေး

ဆက်လက်၍ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး ဆိုင်ရာများနှင့်ပတ်သက်၍ ဂရုပြုဆောင်ရွက်ရန်လိုအပ်မှု၊ စစ်ဆေး ရေးဂိတ်များ စနစ်တကျဖြစ်ရန်လိုအပ်မှု၊ ရွှေဈေးနှင့် နိုင်ငံခြားငွေ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်မှု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စနစ် တကျ ဆောင်ရွက်ရန်လိုအပ်မှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြား အောင် လှုံ့ဆော်သူများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ် မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး အတွင်း တိုက်တွန်းချက်၊ နှိုးဆော်ချက်များကို ပြည်သူများ သိရှိ စေရေး သတင်းမီဒီယာများမှတစ်ဆင့် ဆောင်ရွက်သွားရန်လို ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျရှိစေရေး အတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ၏ စားရေး ကို အထောက်အကူပြုစေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ရန် ခွင့်ပြုပေးထားသည့် မြေများကို စနစ်တကျ အသုံးပြုရန်လိုကြောင်း၊ ရန်ကုန်မြို့တော်အတွင်း သန့်ရှင်းသာယာ လှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်အလိုက်၊ ခရိုင်အလိုက် ခြံဝင်းရှိသည့် အိမ်များအားလုံးတွင် သစ်ပင်များ စိုက်ပျိုးစေရေးနှင့် အန္တရာယ်ရှိသည့် သစ်ပင်သစ်ကိုင်း များကိုလည်း စည်ပင်သာယာဦးစီးဌာနမှ စနစ်တကျ ခုတ်ထွင်ပေး ခြင်းများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ သစ်ပင်မရှိသည့် နေရာ များတွင် သစ်ပင်များစိုက်ပျိုးစေရေး၊ သစ်ပင်များ စိမ်းလန်းစိုပြည် နေစေရေးအတွက် ပြည်သူလူထုမှသိရှိရန်နှင့် ပြည်သူလူထုမှ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း      မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။









CN/MNA






အခြားဆက်စပ်သတင်းများ