မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍ ငွေသောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ၄၃၉ ဒသမ ၅ သိန်းအား အဌမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ဇွန် ၉ ရက်က မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများ ကျေးရွာအရောက် ထုတ်ချေးပေးစဉ်။
ဇင်မာ