ဇွန် ၁၀ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက် ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၂ ဦးဖြင့် ကျန်စစ်သားရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဖြတ်မြောင်းနှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်း အမှိုက်၊ ဒိုက်၊ ဗေဒါများ ဆယ်ယူရှင်းလင်းခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ ထွက်ရှိအမှိုက်နှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ် ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
ကျော်သူထက်