မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ခုနစ်ဦးဖြင့် အမှတ် (၁၁) ရပ်ကွက် အနော်ရထာ လမ်း (၃၁ လမ်းနှင့် ၃၂ လမ်းအကြား) တွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ လူသွားစင်္ကြံဖြတ်မြောင်းနှာပေါက်အတွင်းရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ် တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြစဉ်။
ကျော်သူထက်