ဇွန် ၈ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၂ ဦးဖြင့် ယမုံနာလမ်း၊ လမ်းလယ်ကျွန်းအုန္နဲပင် များ ဖြတ်ညှိပုံသွင်းခြင်း၊ နွယ်အေးရပ်ကွက်၊ သဇင်နွယ်လမ်းနှင့် ပဒုမ္မာလမ်းတို့တွင် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
ယဉ်မွန်