နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌ ရှေးဟောင်းအဆောက်အအုံ ၃၉ ခုကို ဥပဒေနှင့်အညီ ထပ်မံသတ်မှတ်

ရန်ကုန် ဇွန် ၁၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည့် ယခု ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း၌ ရှေးဟောင်း အဆောက်အအုံ ၃၉ ခုကို ရှေးဟောင်းအဆောက် အအုံများ    ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့် အညီ   ထပ်မံသတ်မှတ်လိုက်ပြီး ရေရှည်တည်တံ့ ရေးအတွက်  ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ် ကြောင်း    သိရသည်။

ပြည်တွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ရှေးဟောင်းအဆောက်အအုံများ ကို ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေနှင့်အညီ  စိစစ်သတ်မှတ် ပြီး  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ ယခုလက်ရှိအချိန်အထိ ရှေးဟောင်းအဆောက် အအုံပေါင်း ၇၀ဝ၀ ကျော်ကို သတ်မှတ်ထားပြီးဖြစ် ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင်လည်း နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် တစ်ခု၊ မန္တလေးတိုင်းဒေသကြီး တွင် ရှစ်ခု၊ ရခိုင်ပြည်နယ်တွင်  ၁၀ ခု၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ရှစ်ခုနှင့် ဧရာဝတီတိုင်းဒေသကြီး တွင် ၁၂ ခု၊ စုစုပေါင်း ရှေးဟောင်းအဆောက်အအုံ ၃၉ ခုကို   ထပ်မံသတ်မှတ်လိုက်ကြောင်း  သိရ   သည်။

“နိုင်ငံတစ်ဝန်းမှာ ဒီနေ့အချိန်အထိ ဥပဒေ အရ  ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင်းအဆောက်အအုံပေါင်းက ၇၀ဝ၀ ကျော်ကို သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးနဲ့ ဗိသုကာအနုပညာလက်ရာတန်ဖိုး စတဲ့စံ သုံးရပ်အပေါ်မှာ အခြေခံပြီးတော့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ နှစ် ၁၀ဝ ကျော်နဲ့အထက် သက်တမ်း ရှိတဲ့ အတွက် ရှေးဟောင်းအဆောက်အအုံလို့ ဥပဒေအရ အကျုံးဝင်သော်လည်းပဲ အဲဒီစံသုံး ရပ်နဲ့ ကိုက်ညီမှုရှိမှသာ စိစစ်ရေးအဖွဲ့တွေက ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင် သတ်မှတ်တာဖြစ်ပါတယ်”   ဟု   ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စီမံ/ ဘဏ္ဍာဌာနခွဲမှ  ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော် က ရှင်းပြသည်။

အဆိုပါ ရှေးဟောင်းအဆောက်အအုံများကို မူလပုံစံ ပြောင်းလဲမသွားဘဲ ရေရှည်တည်တံ့စေရေး  အတွက်   ထိန်းသိမ်း  စောင့်ရှောက်နိုင်စေရန် သက်ဆိုင်ရာ ကာယကံရှင်၊ အဖွဲ့အစည်းများကို နိုင်ငံတော်က လိုအပ်သောအကူအညီ၊ အထောက် အပံ့များ၊ အကြံဉာဏ်များနှင့် နည်းပညာများ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။









(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ