ရန်ကုန် ဇွန် ၁၀
အိမ်ခြံမြေကဏ္ဍ ဖွံဖြိုးစေ ရေး၊ အိမ်ခြံမြေအကျိုးဆောင်များ ၏ အခန်းကဏ္ဍဖွံဖြိုးတိုးတက် လာစေရေးအတွက် မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (ဗဟို) (MRESA) နှင့် Korea Real Estate Service Development Association တို့အကြား နားလည်မှုစာချွန် လွှာ (MoU) ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် ကျင်းပ သည့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) နှစ်ပတ်လည်အသင်းသားစုံညီ သင်းလုံးကျွတ် အစည်းအဝေး (၂၀၂၄-AGM) အခမ်းအနားတွင် လက်မှတ်ရေးထိုးသည်။
ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင် မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ARENA အထွေထွေ အတွင်းရေးမှူး Mr.Soma Sundram Krishnaswamy တို့က အဖွင့် အမှာစကားပြောကြားပြီး ရန်ကုန် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဒေါ်ခင်လှမြင့်က မင်္ဂလာနှုတ်ခွန်းဆက်စကား ပြောကြားသည်။
အဆိုပါ နားလည်မှုစာချွန်လွှာ (MoU) ကို Korea Real Estate Service Development Association ဥက္ကဋ္ဌ Dr. Eric Parle နှင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းတို့ လက်မှတ်ရေးထိုးကြသည်။
အောင်မြင့်ဌေး
(မြို့တော်သတင်း)