ဇွန် ၈ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူ များ ပူးပေါင်းအင်အား ၁၀၀ ဦးဖြင့် စနေအထူးစုပေါင်းလုပ်အားပေး ဆောင်ရွက်ကြရာ ဆေးရုံဝင်းအတွင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ အဆောက်အဦ ခေါင်မိုးများပေါ်ရှိ သစ်ရွက်ကြွေအမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက် နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက် များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့် မြောင်းချေးများအား ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များအား အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
ယဉ်မွန်