နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ်အသင်းက နွေရာသီအပြောင်းအရွှေ့တွင် ကစားသမား ခြောက်ဦး ရောင်းချရန်စီစဉ်

ဇွန် ၁၀

ဘိုင်ယန်မြူးနစ်အသင်းက လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့    ကာလတွင် ကိုးလ်မန်းနှင့် ကင်မစ်ချ် တို့ အပါ အဝင် ထိပ်တန်းကစားသမား ခြောက်ဦးအထိ ရောင်းချရန်စီစဉ် လျက်ရှိကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်း က ယခုနှစ် ဘောလုံးရာသီတွင် ဆုဖလား   လက်မဲ့ရာသီနှင့် ကြုံတွေ့ခဲ့ရပြီးနောက်အသင်း ကို ကြီးကြီးမားမား အပြောင်း အလဲ လုပ်ဆောင်ရန် စီစဉ်နေပြီး နည်းပြ တူချယ်ကို ရာထူးမှထုတ် ပယ်ခဲ့ကာ နည်းပြသစ်အဖြစ် ကွန်ပနီကို ခန့်အပ်ခဲ့ပြီး နွေရာသီ အပြောင်းအရွှ့ကာလတွင်လည်း ကစားသမား အပြောင်းအလဲများ လုပ်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ကင်မစ်ချ်၊ ဂနာဘရီနှင့် ဒီလိုက်တို့သည် အသင်းတွင် အဓိက ကစားသမားများအဖြစ် ပါဝင်နေသော်လည်း အသင်းနှင့် စာချုပ် သက်တမ်းမှာ တစ်နှစ် သာ ကျန်ရှိတော့သည့်အတွက် ဘိုင်ယန်မြူးနစ်အသင်းက အလွတ်  ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်သည့် အခြေအနေ များကြောင့် နွေရာသီအပြောင်း အရွှေ့ကာလတွင် သင့်လျော်သည့် ပြောင်းရွှေ့ကြေး ရရှိမည်ဆိုပါက ရောင်းချရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ထို့ပြင် ကိုးလ်မန်းသည် လည်း ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသကဲ့သို့ ကွင်းလယ် ကစားသမား  နှစ်ဦးဖြစ်သည့် ဂိုရက်စ်ကာနှင့် အူရစ်တို့သည် လည်း ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသည့်အတွက် ဘိုင်ယန်မြူးနစ် အသင်းက ရောင်း ချရန် ပြင်ဆင်နေကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ