နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး ဗာဒီကို လက်စတာအသင်း တစ်နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆို

ဇွန် ၁၀

လက်စတာအသင်းသည် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိခဲ့ပြီးနောက် လာမည့် ရာသီ အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အသင်းတိုက်စစ်မှူး ဗာဒီကို တစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရ သည်။

အသက်  ၃၇ နှစ်  အရွယ် ရှိ တိုက်စစ်မှူး ဗာဒီသည် လက်စတာအသင်းအား ၂၀၁၅-၂၀၁၆ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ဆုဖလားရရှိ အောင် ကူညီနိုင်ခဲ့သည့်အပြင် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွင် ပရီးမီးယားလိဂ် ဂိုးသွင်းအများ ဆုံးဆုကို ရရှိခဲ့ ပြီး အသင်း နှင့်အတူ ပြိုင်ပွဲစုံ သွင်းဂိုး ၁၉၀ ထိ ရရှိခဲ့သူဖြစ်ကာ အသင်းနှင့် ၁၂ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် နွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သဖြင့် အသင်း တာဝန်ရှိသူများက သက်တမ်းတိုး ရန် ဆွေးနွေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်ထိ တစ်နှစ်စာချုပ် ချုပ် ဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗာဒီသည် ယခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် အသင်း အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၀ ထိ  သွင်းယူနိုင်ခဲ့ပြီး အမှတ် ပေး  ပြိုင်ပွဲတွင်  သွင်းဂိုး ၁၈ ဂိုးထိသွင်းယူ၍  အသင်းအား ပရီးမီးယားလိဂ်သို့ တိုက်ရိုက် တန်းတက်ခွင့်ရရှိအောင် ကူညီ ပေးနိုင်ခဲ့သောကြောင့် အသင်း တာဝန်ရှိသူများက ဝါရင့်တိုက်စစ် မှူး ဗာဒီကို ဆက်လက်ထိန်းသိမ်း ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ