ရေနံချောင်း၊ ဇွန် ၁၀
ရေနံချောင်းမြို့နယ်တွင် သစ်ပင်ပေါင်း ၅၀၀၀ စိုက်ပျိုးပြီးဖြစ်၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ရေနံချောင်းမြို့ ရေနံသာစိမ်းလန်း စိုပြည်ရေးကွန်ရက်မှ သိရသည်။
''၂၀၁၇ ခုနှစ် မိုးရာသီက စတင်ပြီး အရိပ်ရသစ်ပင်များကို စိုက်ပျိုးခဲ့ပြီး ၎င်းသစ်ပင်များ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ ဘာကြောင့် အောင်မြင်ဖြစ်ထွန်းရလဲဆို ဆိတ်၊ နွားတွေ မစားအောင် စိုက်ပျိုးပြီးရင် ခြံခတ်ရတယ်။ နောက်ပြီး ဒေသခံတွေလည်း ဂရုစိုက်တာ ပါတယ်။ ကျွန်တော်ကတော့ ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ တစ်နှစ်လျှင် သစ်ပင်ပေါင်း ၁၀၀၀ ဝန်းကျင်စိုက်ခဲ့ရာ ယနေ့အထိ သစ်ပင်ပေါင်း ၅၀၀၀ စိုက်ပျိုးထားတယ်။ မြို့နယ်အတွင်းက ကျေးရွာတွေမှာ သစ်ပင်တွေ အဓိကစိုက်ရာ အောင်မြင်ဖြစ်ထွန်းနေပါတယ်"ဟု ရေနံသာစိမ်းလန်းစိုပြည်ရေးကွန်ရက်မှ ကိုမင်းမင်းဟန် က ပြောသည်။
မိုးရာသီတွင် မြို့နယ်အတွင်း အရိပ်ရသစ်ပင် ဗန်ဒါပင်၊ ပိန္နဲပင် သစ်ပင်များကို စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ဆန်းညွန့်(ရေနံချောင်း)