နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရောဂါကူးစက်ဖြစ်ပွားမှုထိန်းချုပ်ရေးကာလတွင် ရထားလက်မှတ်ကို ခရီးသွားမည့်သူကိုယ်တိုင် လက်မှတ်ဝယ်ယူရမည်ဖြစ်

ရန်ကုန်  ဇူလိုင်   ၄


COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုထိန်းချုပ်ရေးကာလတွင် ရထားလက်မှတ်ကို ခရီးသွားမည့်သူ  ကိုယ်တိုင်လက်မှတ်ဝယ်ယူရမည်ဖြစ်ပြီး လက်မှတ်မပါရှိသော ခရီးသည်များအနေနှင့်သတ်မှတ်ထားသော ဒဏ်ကြေးအပြင် နီးစပ်ဘူတာများတွင် ဆင်းနေခဲ့ရမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ဇူလိုင်လ ၃ ရက်နေ့ ထုတ်ပြန်သတင်းများအရသိရသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ Social Distancing ရရှိရေးအတွက် မြန်မာ့မီးရထားခရီးစဉ်များတွင် ပုံမှန်ခရီးသည်တစ်ဦးအတွက် ကျသင့်သည့်လက်မှတ်ခနှုန်း ထားများအတိုင်းခရီးသည်တစ်ဦးအတွက် ထိုင်ခုံနှစ်နေရာစီစဉ်ဆောင်ရွက်ပေးကာ လက်မှတ်များရောင်းချပေးလျက်ရှိသည်။ 


ထို့အပြင် မြန်မာ့မီးရထား၏မည်သည့်ခရီးစဉ်ကိုမှ ထိုင်ခုံမဲ့ရောင်းချပေးခြင်းမရှိဟုဆိုသည်။ ယခင်က     မြန်မာ့မီးရထားအနေနှင့် လက်မှတ်မပါရှိသောခရီးသည်များအား စစ်ဆေးတွေ့ရှိပါက အဆိုပါခရီးစဉ်အတွက် သတ်မှတ်ထားသောဒဏ်ကြေးများပေးဆောင်စီးနင်းခွင့်ပြုပေးခဲ့သည်။ ယခုအခါ ရထားများပေါ်တွင် လက်မှတ်မပါရှိဘဲ စီးနင်းလိုက်ပါနေသည်ကိုစစ်ဆေးတွေ့ရှိပါက အဆိုပါခရီးစဉ်အတွက် သတ်မှတ်ထားသော ဒဏ်ကြေးအပြင် နီးစပ်ရာဘူတာများတွင်ဆင်းနေခဲ့ရမည်ဖြစ်သည်။ ထို့ကြောင့် ခရီးသည်များအနေနှင့် ထိုင်ခုံနှင့် ရထားလက်မှတ်ဝယ်ယူမရရှိပါကဖြစ်နိုင်လျှင် နောက်တစ်နေ့ရထားနှင့်လိုက်ပါကြရန်အတွက် လည်း မြန်မာ့မီးရထားမှမေတ္တာရပ်ခံချက်များထုတ်ပြန်ပေးထားကြောင်း သိရသည်။


ခရီးသွားပြည်သူများအနေနှင့်လည်း ဘူတာရုံတွင်ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုကိုခံယူခြင်း၊ MASk တပ်ဆင်ထားခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ သတ်မှတ်ထားသောနေရာများတွင် Social Distancing (နေရာ ခြား၍ထိုင်ခြင်း)တို့ကို မပျက်မကွက်လိုက်နာရမည်ဖြစ်ပြီး ရထားပေါ်တွင်လည်း MASK တပ်ဆင်ထားခြင်းနှင့် ရရှိထားသောခုံနေရာများတွင်Social Distancing (နေရာခြား၍ထိုင်ခြင်း)ကိုမပျက်မကွက်ပြုလုပ်ရမည် ဖြစ်သည်။ မြန်မာ့မီးရထားအနေနှင့် သက်ဆိုင်ရာခရီးသွားလက်မှတ်များကို ခရီးထွက်မည့်နေ့(နေ့ချင်း) နံနက် ၉ နာရီတွင် သတ်မှတ်လက်မှတ်ရုံပေါက်သတ်မှတ်နေရာများ၌တန်းစီ၍ တစ်ဦးလျှင် (ခရီးထွက်မည့်သူ ကိုယ်တိုင်) နှစ်စောင်နှုန်းဖြင့်ရောင်းချပေးမည်ဖြစ်သည်။ လက်ရှိတွင် မြန်မာ့မီးရထားအနေနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၃)အဆန်နှင့် (၄)အစုန်ရထားများ၊ အမှတ်(၅)အဆန်နှင့် အမှတ်(၆)အစုန်ရထား များ၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် (၅၇)အဆန်၊ (၅၈)အစုန်၊ (၄၁)အဆန်၊ (၄၂) အစုန်၊ ရထားများ၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် (၈၁) အဆန်၊ (၈၂) အစုန် ရထားများ၊ ရန်ကုန်-ပြည်လမ်းပိုင်း (၇၁)အဆန်၊ (၇၂)အစုန်ရထားများကိုခုတ်မောင်းပြေဆွဲပေးနေပြီး ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းတွင်လည်း ခရီးစဉ်ပေါင်း ၅၂ ခုအထိတိုးမြှင့်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။           


ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ