နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်းမရှိသော ရွှေဆိုင်များကို တိုင်ကြားနိုင်

ရန်ကုန်၊ ဇွန် ၁၀

YGEA ၏ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်းမပြုလုပ် သော ရွှေဆိုင်များအား (ဘောက်ချာ + ပစ္စည်း)နှင့်တကွ ဓာတ်ပုံရိုက် တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည်။

ရွှေဈေးနှုန်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် များအသင်း(YGEA)က နေ့စဉ်ရောင်းချရမည့် ရွှေဈေးနှုန်းကို တစ်နေ့သုံးကြိမ် ထုတ်ပြန်ပေးလျက်ရှိပြီး ရွှေရောင်းချရာတွင် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းရောင်းချရန် ဇွန် ၅ ရက်တွင် အသိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။

လက်ရှိတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ရွှေဆိုင်များကို စစ်ဆေးနေပြီး စစ်ဆေးခြင်းများ မပြီးဆုံးသေးကြောင်း၊ ရွှေဆိုင်များ အနေဖြင့် YGEA ကထုတ်ပြန်သည့်ဈေးဖြင့်သာ အရောင်းအဝယ် ပြုလုပ်နေကြောင်း၊ YGEA ၏ ထုတ်ပြန်သည့် ဈေးဖြင့်မရောင်းချသူ များကိုလည်း တိုင်ကြားနိုင်ကြောင်း သိရသည်။

ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ရွှေဈေးနှုန်း တည်ငြိမ်ရေးအတွက် ရွှေဆိုင်များအား နေ့စဉ်ဆိုင်များဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်ပေးရန်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက် စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း YGEA က ထုတ်ပြန်ထားသည်။

 







(008)






အခြားဆက်စပ်သတင်းများ