နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၁၃) ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲ ရွှေ၊ ငွေ၊ ကြေးရရှိခဲ့သော မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

ရန်ကုန်၊ ဇွန် ၁၀

ဇွန်၁ ရက်‌မှ ၉ ရက်‌အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပခဲ့ သည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခု ဆွတ်ခူးရရှိခဲ့‌သော ပညာ‌ရေး၀န်ကြီး ဌာန၊ အ‌ခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ်‌ ဒေါက်တာ စိုးမြင့်ထွန်း ဦးဆောင်သော အားကစားအဖွဲ့၀င်၂၁ ဦးတို့သည် ယ‌မန်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို့ ပြန်လည်‌ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌ၊ တိုင်း‌ဒေသကြီးလူမှု‌ရေးရာ၀န်ကြီး ဦးဌေးအောင်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ် ကြီး ဦးထွန်းထွန်းဦး၊ တိုင်း‌ေဒသကြီးအားကစားနှင့် ကာယပညာ‌ ဦးစီးဌာန  ညွှန်ကြား‌ရေးမှူး  ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ အထွေထွေအတွင်း‌ရေးမှူး၊ တိုင်း‌ဒေသကြီး ပညာရေး မှူး၊ဆရာ၊ဆရာမများနှင့်‌ ကျောင်းသား‌၊ကျောင်းသူများ၊ အားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ၊ မိဘ၊‌ ဆွေမျိုးများ ကြိုဆိုနှုတ်ဆက်ကြသည်။  

အဆိုပါပြိုင်ပွဲ၌ (အမျိုးသမီး) တစ်ကိုယ်တော်လက်သိုင်းအပြ ပြိုင်ပွဲတွင် မယွန်းလဝန်းအိမ်ရွှေက ရွှေတစ်ခု၊ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားသုံးဦး လက်နက်ဖြင့်အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည့်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည့်စုံအောင်တို့အတွဲက ရွှေတစ်ခု၊ (အမျိုးသား) 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံ ကျော်က ငွေတစ်ခု၊  (အမျိုးသမီး) 45.0- 50.9 kg ပြိုင်ပွဲတွင် မယွန်းပန်းသဇင်အောင်၊ (အမျိုးသား)တစ်ကိုယ်တော်လက်သိုင်းအပြ ပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေ၊ (အမျိုးသမီးနှစ်ယောက်တွဲ)ဓါး အတိုက်အပြပြိုင်ပွဲတွင် မဇင်လဲ့ဖြူနှင့် ကြယ်စင်လွင်တို့အတွဲ၊ (အမျိုးသားလေးယောက်တွဲ)လက်နက်မဲ့အပြပြိုင်ပွဲတွင် မင်းခန့်နိုင်၊  နိုင်အောင် ရွှေ၊  ပြည်စုံအောင် နှင့် ကျော်ဇောရှင်တို့အတွဲက ကြေးတစ်ခုစီ ရရှိခဲ့ပြီး စုစုပေါင်း ဆုတံဆိပ်ခုနစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ 

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် အားကစားနည်း‌ခြောက်မျိုးဖြစ်သည့် ရေကူး၊ ပြေးခုန်ပစ်၊ ဘတ်စ ကက်ဘော၊ ကြက်တောင်၊ ပန်ကြက်ဆီလက်၊ ဗိုဗီနမ် ထည့်သွင်းကျင်းပ ခဲ့ပြီး မြန်မာအားကစားအဖွဲ့က ဗိုဗီနမ်နှင့် ရေကူးအားကစားနည်း နှစ်မျိုး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။         









အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ