နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူအကျိုးပြု၊ ပဲခူးမြစ်ကူး သန်လျင်အမှတ် ၃ တံတား

မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးနှင့် အထင်ရှားဆုံးမြို့မှာ ရန်ကုန်မြို့ဖြစ်ပြီး လူမှုဘဝဖြစ်ထွန်းမှုအားလုံးကို ရန်ကုန်မြို့တွင် ရှုမဆုံးမြင်တွေ့နိုင်သည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမြို့တော်ကြီး တစ်မြို့ဖြစ်သကဲ့သို့ ဒေသတွင်း  စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ  လူဦးရေ တိုးပွားလာမှုတို့ကြောင့် တစ်နေ့တာသွားလာသည့် ယာဉ်အစီးရေသည်လည်း သိသိသာသာ တိုးမြင့်လာသည်။

တိုးတက်ပြောင်းလဲလာမှုနှင့်အတူ ယာဉ်ကြောပိတ်ဆို့မှုများကို အဖြေရှာရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောသွားလာ မှု စနစ်တကျဖြစ်စေရေးအတွက် ခုံးကျော်တံတားများ တည်ဆောက် ခြင်းနှင့် လေးလမ်းသွား မြစ်ကူးတံတားကြီးများ တည်ဆောက်ခြင်း ဖြင့် ယနေ့ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့နေမှုကို လျှော့ချနိုင် ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ် ၃ ) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်က ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဇွန် ၈ ရက်တွင် စတင်ဖြတ်သန်းခွင့်ပြုလိုက်သည့် ပဲခူးမြစ်ကူး (သန်လျင်တံတားအမှတ် ၃) သည် ရန်ကုန်တိုင်းဒေသကြီး သာကေတ မြို့နယ်နှင့် သန်လျင်မြို့ကို ဆက်သွယ်တည်ဆောက်ထားသည်။ ပဲခူး မြစ်ကူး (သန်လျင်တံတားအမှတ် ၃) လေးလမ်းသွားတံတားသစ်ကြီး ကို အရှည်မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ ခုံးကျော်တံတားအပိုင်း ၁၉၇၅ ပေ စုစုပေါင်း အရှည် ၈၆၃၈ ပေ၊ တံတားအကျယ် ၇၅ ပေ လေးလမ်းသွားဖြစ်ပြီး တစ်ဖက်လျှင် Safe Zone ငါးပေစီ ပါရှိသည်။ တံတား၏ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ် အကျယ်မှာ ၇၃၅ ပေဖြစ်၍ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ကာ တံတားခံနိုင်ဝန် မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်သည်။

အဆိုပါမြစ်ကူးတံတား (သန်လျင်တံတားအမှတ် ၃) တည်ဆောက် ရေးစီမံကိန်းကို ဂျပန်နိုင်ငံ (JICA)နှင့် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီ ချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ချေးငွေ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ရာ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအခြေအနေများကြောင့် တံတား တည်ဆောက်ရေးလုပ်ငန်း ချေးငွေကိစ္စရပ်များ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းမှုကြောင့် ပြန်လည်တည်ဆောက်ခဲ့ရာ ရန်ပုံငွေ လိုအပ်ချက်အရ နိုင်ငံတော်မှ ကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင်ကျခံ ပြီး တံတားကြီး တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုတံတားကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။

ပြည်သူအကျိုးဖြစ်ထွန်းစေသော အဆင့်မြင့်နည်းပညာဖြင့် ဆောက်လုပ်ထားသည့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးစေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပါသည်။     






အခြားဆက်စပ်သတင်းများ