ရန်ကုန် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် - ၃) ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်၊ နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ် - ၃) အား ဖွင့်ပွဲအခမ်း အနား ပြီးဆုံးချိန်မှစ၍ မော်တော်ယာဉ် များ ဖြတ်သန်းသွားလာခွင့်ပေးခဲ့ရာ အဆိုပါ တံတားအသစ်ကြီးပေါ်မှ စည်ကား များပြားစွာဖြင့် ဖြတ်သန်းမောင်းနှင် လျက်ရှိပြီး စတင်ဖွင့်လှစ်သည့်နေ့တွင် ကားအစီးရေ ၁၂၉၈၈ စီး ဖြတ်သန်း မောင်းနှင်ခဲ့ပြီး ယမန်နေ့တွင် ကား အစီးရေ ၃၁၅၀၉ စီးကျော် ဖြတ်သန်း မောင်းနှင်ခဲ့ကြောင်း သိရသည်။
ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ် - ၃) အသုံးပြုခကို ဇွန် ၈ ရက်မှ ၁၅ ရက်အထိ အခမဲ့ဖြတ်သန်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ၁၆ ရက်မှ စတင်၍ တံတားဖြတ်သန်းခများ ကို မော်တော်ယာဉ် အမျိုးအစားများ အလိုက် ကောက်ခံသွားမည်ဖြစ်သည်။
ယခုကဲ့သို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တံတား သစ်ကြီးကို တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ ခြင်းကြောင့် သန်လျင်တံတား အမှတ်- ၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်မည် ဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှု ကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန် တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
CN/MNA