ဇွန် ၈ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းအင်အား ၁၅၀ ဦးဖြင့် စနေနေ့အထူး စုပေါင်း လုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းအတွင်းရှိ မြက်ပင်ချုံနွယ် များခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် မြောင်းအတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့်နေရာများကို ခြင်ဆေး မှုတ်ခြင်း၊ ရေစည်ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး သွန်လဲစစ်ပြုလုပ်ခြင်းတို့ကို စုပေါင်းလုပ်အားပေးဆောင်ရွက်ကြစဉ်။
မိုးမြင့်မောင်