ရန်ကုန် ဇွန် ၉
ဇွန် ၁ရက်နေ့ မှ ၉ ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပလျက်ရှိသည့်(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲ တွင် မြန်မာဗိုဗီနမ် အားကစားအဖွဲ့ မှ အားကစားသမား ၁၂ဦး ယှဉ်ပြိုင် ရာ(အမျိုးသမီး) တစ်ကိုယ်တော် လက် သိုင်းအပြပြိုင်ပွဲတွင် မယွန်းလဝန်း အိမ်ရွှေက ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီး တစ်ဦးနှင့်အမျိုးသားသုံးဦး လက်နက် ဖြင့် အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည်စုံအောင်တို့အတွဲက ရွှေတံဆိပ် တစ်ခု၊ (အမျိုးသား) 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံကျော် က ငွေတံဆိပ်တစ်ခု၊(အမျိုးသမီး) 45.0- 50.9 kgပြိင်ပွဲတွင် မယွန်းပန်း သဇင်အောင်ကကြေးတံဆိပ်တစ်ခု၊ (အမျိုးသား)တစ်ကိုယ်တော်လက်သိုင်း အပြပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေ က ကြေးတံဆိပ်တစ်ခု၊ (အမျိုးသမီး နှစ်ယောက်တွဲ)ဓား အတိုက်အပြ ပြိုင်ပွဲ တွင် မဇင်လဲ့ဖြူနှင့်ကြယ်စင်လွင်တို့ အတွဲက ကြေးတံဆိပ်တစ်ခု၊ (အမျိုးသား လေးယောက်တွဲလက်နက်မဲ့ အပြပြိုင်ပွဲ တွင် မင်းခန့်နိုင်၊ နိုင်အောင်ရွှေ၊ ပြည်စုံ အောင်နှင့်ကျော်ဇောရှင်တို့အတွဲက ကြေး တံဆိပ်တစ်ခုရရှိပြီး မြန်မာဗိုဗီနမ်း အားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခု ဖြင့် စုစုပေါင်း ဆုတံဆိပ်ခုနစ်ခု ရရှိ သည်။
အောင်မြင့်ဌေး(မြိုတော်သတင်း)