နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်း တစ်နှစ်တာ အကောင်းဆုံး အားကစားဆု အိုဒီဂတ် ဆွတ်ခူး

ဇွန် ၉

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အာဆင်နယ်အသင်း၏ တစ်နှစ် တာအကောင်းဆုံး ကစားသမား ဆုကို ကွင်းလယ်ကစားသမား အိုဒီဂတ်က ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းက တစ်နှစ်တာ အကောင်းဆုံးကစား သမားဆုအတွက် ပရိတ်သတ် များထံမှ ဆန္ဒမဲကောက်ယူ ရွေး ချယ်ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ် ပြီး အိုဒီဂတ်သည် အသင်းဖော် ဖြစ်သည့် တောင်ပံကစားသမား ဆာကာကို ကျော်ဖြတ်ကာ မဲ အသာစီးရရှိခဲ့ပြီး ဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။

 အသက် ၂၅ နှစ်အရွယ်ရှိ အာဆင်နယ် အသင်းခေါင်း ဆောင် အိုဒီဂတ်သည်ပြီးခဲ့သည့် ဘောလုံးရာသီတွင် အသင်းနှင့် အတူ အကောင်းဆုံးပုံစံပြသ နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃၅ ပွဲ ကစားခဲ့ရာတွင် ရှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်နိုင်ခဲ့သည်။

ထို့ပြင် အိုဒီဂတ်သည် ပြိုင် ပွဲစုံတွင်လည်း ၄၈ ပွဲထိ ပါဝင် ကစားခဲ့ကာ ၁၁ ဂိုး သွင်းယူနိုင် ခဲ့ပြီး ၁၁ ကြိမ် ဂိုးဖန်တီးမှု ပြု လုပ်ကာ ခြေစွမ်းပြသနိုင်ခဲ့ ပြီးနောက် အသင်း၏ တစ်နှစ် တာ အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ