ရန်ကုန်၊ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်နှင့်တောင်သူကုန်းရပ်ကွက် များရှိ သတ်မှတ်နေရာ အသီးသီးတို့တွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊အင်းစိန်မြို့နယ်ဦးစီးမှူးဦးညီညီစိုးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသား စီစစ်ရေးကတ်နှင့်အိမ်ထောင်စုစာရင်းများဆောင်ရွက်ပေးခဲ့သည်။
ဇွဲထက်ကို(ပြန်/ဆက်)