နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်​ရေးဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်

ရန်ကုန်၊  ဇွန်  ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းက ကြီးမှူး ဖွင့်လှစ်သည့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်းအမှတ်စဉ်(၁၄)ကို   ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဘုံသာလမ်းရှိ ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပရာ ကျောက် တံတားခရိုင် စီမံအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ် ချုပ်ရေးမှူး ဦးတင်မျိုးအောင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွှေ လုပ်ငန်းရှင်များအသင်း  ဒုတိယဥက္ကဌဦးစိုးမြင့်နှင့်တာဝန်ရှိသူများ၊ သင်တန်းသား၊သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးတင်မျိုးအောင်နှင့်၊ရန်ကုန်တိုင်းဒေသကြီးရွှေလုပ် ငန်းရှင်များအသင်းဒုတိယဥက္ကဌဦးစိုးမြင့်တို့ကအဖွင့်အမှာစကားများအသီးသီးပြောကြားသည်။

ထို့နောက်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန် ထွန်းဦးက"ငွေကြေးခဝါမှုနည်းပုံစံ"များဖြစ်သည့်အိမ်ခြံ/မြေ/မော်တော်ယာဉ်စသည့်အဖိုးတန်ပစ္စည်းများဝယ်ယူခြင်း၊ငွေကြေးလဲလှယ်ခြင်း နှင့် ငွေသားပြောင်းလဲခြင်း၊တရားဝင်နှင့်တရားမဝင်ငွေကြေးများကိုရောနှောပြသခြင်း၊အမည်ခံ/ဘဏ္ဍာထိန်း/မိသားစုဝင်/တတိယအဖွဲ့အစည်းများအသုံးပြုခြင်း၊သဏ္ဍာန်ဆောင်ကုမ္ပဏီများကိုအသုံးပြု ခြင်း၊ ငွေဆက်သားကို အသုံးပြုခြင်း၊ကုန်သွယ်မှုအသုံးပြုခြင်း၊လောင်းကစား(ထီ)အသုံးပြုခြင်း၊နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို အသုံးပြု ခြင်းများသင်ကြားပို့ချပေးသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ကြီးမှူး ပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက် ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်းများ လစဉ်ပုံမှန်ဖွင့်လှစ် ပေးလျက်ရှိရာ ယခုဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား ၁၁၁ ဦး တက်ရောက်သည်။









အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ