နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုပ်ပေးတရားစခန်း ဖွင့်မည်

ရန်ကုန်၊  ဇွန်  ၉

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊ အမှတ်၆ရပ်ကွက် ချင်းတွင်းလမ်းသွယ် (၂) လမ်းရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအောင် သိဒ္ဓိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တခေမာစာရ ကြီးမှူး၍ တစ်လတစ်ကြိမ် ဖွင့်လှစ်သော( ၂၉)ကြိမ်မြောက် ခုနစ်ရက် အဓိဌာန်နေ့ မီးငြိမ်းအလုပ်ပေးတရားစခန်းကို ဇွန်၁၆ရက်မှ၂၂ ရက် အထိအဆိုပါကျောင်းတိုက်၌ ဖွင့်လှစ်မည်ဖြစ်သည်။

တရားစခန်းပွဲကိုနေ့စဉ်နံနက်၈နာရီမှညနေ၅နာရီအထိ သီလခံယူခြင်း၊တရားနာခြင်း၊တရားကျင့်ကြံပွားများအားထုတ်ခြင်း၊ ဝိပဿနာ ကျင့်စဉ်တရားဓမ္မများ ဟောကြားသွန်သင်ပြသသွားမည်ဖြစ်ရာ မည်သူမဆို ဆွမ်းစရိတ်အခမဲ့ဖြင့် တရားစခန်းဝင် အားထုတ်နိုင်ကြ သည်။

အဆိုပါကျောင်းတိုက်ကိုသုံးထပ် (RC)ကျောင်းဆောင်တော် ကြီးနှင့် ဘုရားအာရုံခံတန်ဆောင်းတို့ကို တည်ဆောက်မည်ဖြစ်ရာ လှူဒါန်းလိုသော အလှူရှင်များသည် ကျောင်းဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့  ဖုန်း 09-448043617/09-425308721/ 09 -420071180 /09- 43190047 / 09-5017432 တို့ကိုဆက်သွယ် လှူဒါန်းနိုင်သည်။

                                             








မြင့်သန်းကြည်(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ