နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ နှင့် သတိပြုဖွယ်

၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်လာနိုင်သည့်နောက် ကမ္ဘာ့နိုင်ငံ အသီးသီးတို့က ၎င်းတို့၏ စီးပွားရေးကဏ္ဍများ ပြန်လည်နာလန် ထူလာရေး ကြိုးပမ်းဆောင်ရွက်ကြသည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင် သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း)ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးပေးခဲ့သည်။  ချေးငွေသက်တမ်း တစ်နှစ်ပြည့်မြောက်ခဲ့ သည့်နောက် ပထမအကြိမ် ခြောက်လနှင့် တတိယအကြိမ် တစ်နှစ်နှင့် စုစုပေါင်း သုံးနှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့် ဆောင်ရွက်ပေးခဲ့သည်။

ယခုအခါ ချေးငွေသက်တမ်းသုံးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ချေးငွေအတိုး၊ အရင်းပေးဆပ်ရန် ကျန်ရှိနေသော ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် ချေးငွေအတိုး/ အရင်းများကို ၂၀၂၄ခုနှစ်၊ ဇူလိုင် ၁ ရက်မတိုင်မီ အမြန်ဆုံး အပြေ အကျေပြန်လည်ပေးဆပ်ရန် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထား သည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေး အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးက အသိပေးကြေညာထားသည်။

၂၀၂၄ ခုနှစ် ဧပြီ ၂၈ရက်မှ ဇွန် ၂ ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၃၁၇၆၂ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် ၃၉၀ ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ လူနာသစ် ၂၇၉ဦးရှိပြီး ကူးစက်မှု ၇၁ ရာခိုင်နှုန်းရှိကြောင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုမရှိဟု ကျန်းမာရေးဝန်ကြီးဌာန စာရင်းများအရ သိရှိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန သက်ဆိုင်ရာ မြို့နယ်များရှိ ကျန်းမာရေးဝန်ထမ်းများဖြင့် ကိုဗစ်ကာကွယ်ဆေးများကို အသက် ၁၈နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများအား ကာကွယ်ဆေးများကို ရပ်ကွက်စုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။

သို့ဖြစ်ရာ ရောဂါဘေးမှ ကာကွယ်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံသင့်ကြောင်း တိုက်တွန်းနှိုးဆော် ရပါကြောင်း ။     






အခြားဆက်စပ်သတင်းများ