ဇွန် ၈ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း အင်အား(၄၇)ဦးဖြင့် စုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်းရှိ မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်း ဖွင့်ခြင်း၊ ကျောင်းအုတ်ရေကန်အမိုးပေါ်ရှိ သစ်ကိုင်းများရှင်းလင်းခြင်း၊ တွယ်ကပ်သစ်ပင်များ ရှင်းလင်းခြင်း၊ ကျောင်းအဝင်လမ်းဘေးအုတ်ခုံရှိမြက်ခင်းနေရာ၌ မီးကွင်းဂမုန်းပင်များ ပြောင်းလဲ စိုက်ပျိုးခြင်း၊ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများအတွင်းရှိ အမှိုက်နှင့် နုန်းများဆယ်ယူ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း၊ အပြင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ထွက်ရှိအမှိုက်များကို ယာဉ် တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊အဘိတ်ဆေးခတ်ခြင်း၊ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းခန်းစီးလိုက်ကာများ ဆေးစိမ်ခြင်း၊ ကျန်းမာရေးအသိပညာ ပေးနံရံကပ်ပိုစတာများအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခြင်းတို့အား စုပေါင်းလုပ်အားပေးဆောင်ရွက်ကြစဉ်။
ကျော်သူထက်