ဇွန် ၈ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်မြို့နယ်စည် ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့်ရပ်ကွက်နေပြည် သူများပူးပေါင်းအင်အား (၃၀)ဦးဖြင့် စုပေါင်းလုပ်အားပေး ဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်းရှိ မြက်ပင်ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းခေါင်မိုးပေါ် အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်း လင်းခြင်း၊ ကျောင်းခေါင်းမိုးပေါ်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးရေမြောင်းများအတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း၊ အပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်နှစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း သွေး လွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ခြင် ဆေးမှုတ်ခြင်းတို့ စုပေါင်းလုပ်အားပေးဆောင်ရွက်ကြစဉ်။
ကျော်သူထက်