ဇွန် ၈ ရက်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား (၃၆)ဦးဖြင့် စုပေါင်းလုပ်အားပေး ဆောင်ရွက်ကြရာတွင် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်း ခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ သိမ်းဆည်း ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူ ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်နှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင် ရေးအတွက် ပညာပေးလက်ကမ်းစာစောင်ပေးဝေခြင်းများတို့ စုပေါင်းလုပ်အားပေးဆောင်ရွက်ကြစဉ်။
ကျော်သူထက်