ရန်ကုန် ဇွန် ၉
ပညာရေးဝန်ကြီးဌာန၊ ဆရာ အတတ်ပညာဦးစီးဌာန၊ သင်္ဃန်း ကျွန်းပညာရေးဒီဂရီကောလိပ် ၂၀၂၄ - ၂ဝ၂၅ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၁၁/၂၄)ကြိုဆို ပွဲအခမ်းအနားကို ဇွန် ၇ ရက် နံနက်ပိုင်းက အဆိုပါကောလိပ် ၏ ပညာနေခြည်ခန်းမတွင် ကျင်းပရာ၊ အခမ်းအနားသို့တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း နှင့်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီး နှင့် ဆရာ၊ ဆရာမများ၊ သင်တန်း သူ၊ သင်တန်းသားများ တက် ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း က သင်တန်းဖွင့်အမှာစကားပြော ကြားရာတွင် မောင်တို့မယ်တို့ သည် မွန်မြတ်သော ဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြု ရန် ရွေးချယ်၍ ပညာရေးဒီဂရီ ကောလိပ်များတွင် ဆရာ အတတ်ပညာကို လာရောက် ဆည်းပူးကြသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါကြောင်း၊ နိုင်ငံတော် အတွက် အားကိုးအားထားပြု နိုင်သည့် ဆရာ၊ဆရာမများဖြစ် လာစေရေးအတွက် ကြိုးပမ်း ကြရန်နှင့် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သောပညာ ရေးကဏ္ဍကို ခိုင်ခံ့မြင့်မားစေ ရန် ဆရာ၊ ဆရာမများအနေ ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ပါဝင်ဆောင်ရွက် ကြရန် ပြောကြားသည်။
ထို့နောက် သင်္ဃန်းကျွန်း ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ငြိမ်းသီအောင်က သင်တန်းတွင် သင်ကြားမည့် သင်ခန်းစာများ ကို ရှင်းလင်းတင်ပြသည်။
၎င်းနောက်သင်တန်းသား၊ သင်တန်းသူများက လမ်းပြ ကြယ်သီချင်း သီဆိုခြင်း၊ ပျူ အက ဖြင့် ကပြဖျော်ဖြေခြင်း၊ အနာဂတ်မြန်မာသို့အကတို့ဖြင့် ဖျော်ဖြေကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင် ဆက်ကြသော အဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများ ချီးမြှင့် ခဲ့ပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
ဝင်းမင်း
(ပြန်/ဆက်)