ဇွန် ၈ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းအင်အား (၄၀) ဦးဖြင့် စနေနေ့အထူးစုပေါင်းလုပ်အားပေး ဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်း ခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ အဆောက်အဦ ခေါင်မိုးများပေါ်ရှိ သစ်ရွက် ကြွေအမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့် မြောင်းချေးများကို ယာဉ် တစ်စီးဖြင့် သိမ်းဆည်း သယ်ယူ စွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ ကျန်းမာ ရေးပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
ယဉ်မွန်