နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ် ကြိုဆိုပွဲနှင့် ဗုဒ္ဓဓမ္မဒီပလိုမာ (Diploma In Buddha Dhamma) အောင်မြင်ခဲ့ကြသော ကျောင်းသားများအား အောင်လက်မှတ်ဆက်ကပ်ပွဲကျင်းပ

ရန်ကုန်၊ ဇွန် ၉

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင် နှစ် ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ်ကြိုဆိုပွဲနှင့် ဗုဒ္ဓဓမ္မဒီပလိုမာ (Diploma In Buddha Dhamma) အောင်မြင်ခဲ့ကြသော ကျောင်း သားများအား အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပင်လုံ လမ်းရှိ အဆိုပါ တက္ကသိုလ် (ရန်ကုန်) ရှိ သန္နိပါတခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော ပါမောက္ခ၊ ကထိက/သင်ကြားစီမံ ဆရာ တော်များ ကြွရောက်တော်မူကြပြီး၊ စာသင်သား သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်သာသနာပိုင်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရထံမှ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ပြီး ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) သင်ကြား စီမံအဖွဲ့ဥက္ကဋ္ဌ၊ ပညာရေးမှူး ဆရာတော်ဒေါက်တာအရှင်ပညော ဘာသ က၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဆိုင်ရာနှင့် ကျောင်းသားစာရင်းအကျဉ်းချုပ် တို့ကို ရှင်းလင်းတင်ပြလျှောက်ထားပြီး၊ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (ရန်ကုန်) သင်ကြားစီမံအဖွဲ၊ ဒုတိယ ဥက္ကဋ္ဌ၊ အုပ်ချုပ်ရေးမှူး ဆရာတော်ပါမောက္ခ ဒေါက်တာအရှင်ကောဝိဒသိရီက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်ကြားမည့် ကျောင်းသားများ လိုက်နာသိရှိရန် စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားလျှောက် ထားသည်။

ဆက်လက်၍ သီတဂူဆရာတော်ကြီးက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် Buddha-dhamma Diploma အောင်မြင်ခဲ့ကြသည့် ရဟန်းတော်များ၊ သီလရှင်ဆရာလေးများနှင့်၊ လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓဓမ္မပါဒကဒီပလိုမာ အောင်မြင်ခဲ့ကြသည့် သင်တန်းသူ၊ သင်တန်း သားများအား အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်တော်မူသည်။

ထို့နောက်တက်ရောက်လာကြသည့် ပရိသတ်များက သီတဂူ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်းပြီး ဆရာ တော်ကြီးထံမှ ဩဝါဒကထာနာယူကြသည်။

ယနေ့ကျင်းပသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ပွဲ၊ ကျောင်းသားသစ် ကြိုဆိုပွဲနှင့် ဗုဒ္ဓဓမ္မဒီပလိုမာ (Diploma In Buddha Dhamma) အောင်မြင်ခဲ့ကြ သော ကျောင်းသားများအား အောင်လက်မှတ် ဆက်ကပ်ပွဲတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အောင်မြင့်ခဲ့ကြသော ရဟန်း သီလရှင် (၁၆) ပါး၊ လူပုဂ္ဂိုလ် (၁၀၅)ဦးကို အောင်လက်မှတ်များ ပေးအပ်သည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သီတဂူ ဗုဒ္ဓတက္ကသိုလ် တွင်ပညာသင်ယူကြမည့် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် စုစုပေါင်း ၃၂၇ ဦးရှိပြီး ယနေ့ ကြွရောက်တော်မူလာကြသည့် သံဃာ တော်များကို ဒေါက်တာဦးဝင်းမြင့်နှင့် ဇနီးအဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခိုင်ခိုင်ဦးတို့ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြသည်။

၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့သော သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) တွင် ဗုဒ္ဓဓမ္မဒီပလိုမာ၊ ဘီအေ၊ အမ်အေ၊ ပီအိပ်ချ်ဒီနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ ဗုဒ္ဓဓမ္မပါဒကသင်တန်း များအပြင် အချိန်ပိုအနေဖြင့် ကျောင်းသားများအား အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင့်ရန်အတွက် English Language ဘာသာရပ် ကိုလည်း သင်ကြားပေးလျက်ရှိသည်။








ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ