ရန်ကုန်၊ ဇွန် ၉
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့် ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန် ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံ ကွင်း အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စု ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ ချုပ်များမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဖိတ် ကြားထားသော ဧည့်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်း သား/ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်း အကျိုးတော်ဆောင်နာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ကျောင်းအကျိုးတော်ဆောင် ရန်ပုံငွေသို့ ရန်ပုံငွေများ ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အားကစား နှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး တို့က လက်ခံရယူကြသည်။
ထို့နောက် အလှူရှင် အသီးသီးက စုစုပေါင်း လှူဒါန်းငွေကျပ် (၆၃၃) သိန်းကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြား ရေးမှူးချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အားကစားနှင့်
ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးတို့က အသီးသီးလက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်း သား/ ကျောင်းသူများက မြန်မာ့သိုင်း၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ကျွမ်းဘား အားကစားနည်းများဖြင့် သရုပ်ပြဖျော်ဖြေကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် ကျောင်းသား/ ကျောင်းသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ် များက သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး အားကစားနည်းအလိုက် ခင်းကျင်းပြသထားသော အားကစားအထောက်အကူပြု ပစ္စည်းများကို လိုက်လံကြည့်ရှုကြ သည်။
အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ဖွင့်လှစ်သည့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းတွင် သင်တန်းသား/ သင်တန်းသူ ၂၉၀ ဦး အထိ ရွေးချယ်သွားမည်ဖြစ်ပြီး အားကစားနည်း ၁၇ နည်း လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သည်။
ဝင်းမင်း(ပြန်/ဆက်)