နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုးမားအသင်း နည်းပြ ဒီရော့ဆီကို ၂၀၂၇ ခုနှစ် အထိ သက်တမ်းတိုး

ဇွန် ၈

ရိုးမားအသင်းသည် နည်းပြ ဒီရော့ဆီအား ကာလရှည်သက် တမ်းတိုးရန် ဆွေးနွေးလျက်ရှိ ရာ ယခုအခါ နောက်ဆုံးအဆင့် သဘောတူညီမှုရရှိခဲ့သဖြင့် လာ မည့် ၂၀၂၇ ခုနှစ်အထိ သက် တမ်းတိုးနိုင်ခဲ့ကြောင်း ထုတ် ပြန်ခဲ့သည်။

ရိုးမားအသင်းသည် ပြီးခဲ့ သည့် ဇန်နဝါရီလက နည်းပြ မော်ရင်ဟိုနေရာတွင် ဒီရော့ဆီ အား ကာလတိုခန့်အပ်ခဲ့ရာ ၎င်း အနေဖြင့် လက်ကျန်စီးရီးအေ ပြိုင်ပွဲများတွင် ၁၄ ပွဲနိုင်၊ခြောက်  ပွဲသရေ၊ ငါးပွဲရှုံးရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ရာသီပိတ်သိမ်းချိန်တွင် အမှတ် ပေးဇယား အဆင့် ခြောက်နေရာ တွင် ရပ်တည်နိုင်ခဲ့သည်။

ထို့နောက် အသင်းတာဝန်ရှိ သူများက ဒီရော့ဆီကို ကာလ ရှည် ခန့်အပ်ရန် ကြိုးပမ်းလျက် ရှိရာ ပြီးခဲ့သည့် လကတည်းက သဘောတူညီမှု ရယူနိုင်ခဲ့သော် လည်း အတည်ပြု ထုတ်ပြန်နိုင် ခြင်းမရှိသေးဘဲ အသင်းနည်း စနစ် ဒါရိုက်တာ ဂျီဆိုဖီ၊ အသင်း အမှုဆောင်တို့နှင့် ပြုလုပ်သည့် အစည်းအဝေးတွင်ကစားသမား  အပြောင်းအရွှေ့နှင့် ပတ်သက် ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက် ဒီရော့ဆီက ရိုးမား အသင်းနှင့် သက်တမ်းတိုးစာ ချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ