နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာဇီယိုအသင်း နည်းပြ တူဒေါနှင့် လမ်းခွဲ

ဇွန် ၈

လာဇီယိုအသင်းသည် နည်း ပြ တူဒေါနှင့်သုံးလအကြာလက် တွဲပြီးချိန်တွင် နှစ်ဖက်သဘော တူ လမ်းခွဲခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

နည်းပြ တူဒေါသည်အသင်း နှင့် ၁၈ လ သက်တမ်းရှိသည့် စာချုပ်ချုပ်ဆိုခဲ့ပြီး ၎င်းတာဝန် ယူစဉ်က အသင်းအနေဖြင့် အမှတ်ပေးဇယား အဆင့် ၉ တွင် ရောက်ရှိနေသော်လည်း ဘောလုံးရာသီကုန်ဆုံးချိန်တွင် အမှတ်ပေးဇယားအဆင့် ၇ နေ ရာဖြင့် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိ ခဲ့သည်။

နည်းပြတူဒေါသည် လာဇီ ယိုအသင်းနှင့် ၂၀၂၅ ခုနှစ်၊ ဇွန် လမှ စာချုပ်သက်တမ်းကုန်ဆုံး မည်ဖြစ်သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းက အသင်းဥက္ကဋ္ဌ လိုတီ တို၊ အားကစားဒါရိုက်တာ ဖေ ဘီယာနှင့် နည်းပြတူဒေါတို့ ပြု လုပ်ခဲ့သည့် အစည်းအဝေးတွင် နည်းပြတူဒေါက အသင်းမှ အဓိ က ကစားသမားများဖြစ်သည့် ဂန်ဒိုဇီ၊ နီကိုလာ၊ ဒန်နီလို၊ ပယ် လီဂရီနီ၊ ရိုမန်ဂနိုလီ၊ အစ်ဆက် ကန်တို့ကို ထိန်းသိမ်းရန် ပြော ကြားခဲ့ပြီး အထူးသဖြင့် လူငယ် ကစားသမားများကို လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ခဲ့သော် ကြောင့် ညှိနှိုင်းမှု အဆင်မပြေ ခဲ့သဖြင့် အသင်းနှင့် လမ်းခွဲခဲ့ ခြင်းဖြစ်သည်၊။

လက်ရှိတွင် လာဇီယိုအသင်း က ဗီရိုနာအသင်းနည်းပြ ဟောင်း ဘာရိုနီကိုနည်းပြသစ်အဖြစ် ခန့်အပ်ရန်စီစဉ်နေကြောင်း သိရ သည်။     








သူရိန်






အခြားဆက်စပ်သတင်းများ