ရန်ကုန်၊ ဇွန် ၈
အမျိုးသမီးသင်္ဘောများ ဗဟုသုတတိုးပွားစေရန်၊ အပျော်စီး သင်္ဘောနှင့် ခရီးသည်တင်သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင် မည့် အမျိုးသမီးသင်္ဘောသားများ ဗဟုသုတတိုးပွားစေရန်အတွက် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်က ဦးဆောင်ပြီး"အမျိုးသမီးသင်္ဘောသားများအတွက် အသက်မွေးဝမ်း ကြောင်းဆိုင်ရာ"ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲချုပ်ရုံးတွင် ကျင်းပသည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် မြန်မာအမျိုးသမီးအများစုက အပျော်စီးသင်္ဘောတွေပေါ်မှာ ဟိုတယ်ဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ကြပြီး၊ ၂၀၀၆ခုနှစ်တွင်အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ကနေ ရွေ့လျားသွားလာနေတဲ့ သင်္ဘောတွေမှာ တာဝန်ထမ်းဆောင်သူ မည်သူမဆို သင်္ဘောသားအလုပ်သမားအဖြစ် သက်မှတ်လိုက်တဲ့အတွက် အမျိုးသမီးသင်္ဘောသားတွေ ဖြစ်လာ ကြကြောင်းနှင့် ယခုအခါတွင် ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနကဖွင်လှစ်သည့် သင်တန်းတက်ရောက်ပြီး သင်္ဘောသားပတ်စပို့ကိုင်ကာ ပြည်ပထွက် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးသင်္ဘောသား(၇၀၀)ကျော်ခန့်ရှိကြောင်းသိရသည်။
ပင်လယ်ကူးသင်္ဘောသားများအနေဖြင့် အခက်အခဲများရှိ လာ ပါက မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားအလုပ်သမားများ အဖွဲ့ ချုပ်တွင် လာရောက်ဆွေးနွေးတိုင်ပင်နိုင်ကြောင်းနှင့် ဟောပြော ပွဲသို့သင်္ဘောတက်ရောက်ရန် ပြင်ဆင်နေသည့်အမျိုးသမီး(၆၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)