ရန်ကုန်၊ ဇွန် ၈
အဝေးသင်တက္ကသိုလ်၊ သင်တန်း တက်ရောက်မည့်သူများအတွက် ကျောင်းအပ်မှတ်ပုံတင်နိုင်မည့် နေ့ရက်ကို ဆက်လက်တိုးမြှင့် လက်ခံ မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
အဝေးသင်တက္ကသိုလ် ကျောင်းအပ်မှတ်ပုံတင်ခြင်းကို ယခုဇွန် ၂၈ ရက်အထိ ရုံးပိတ်ရက်များမှအပ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ် များတွင် ဆက်လက်အပ်နှံနိုင်မည် ဖြစ်သည်။
၂၀၂၄ ပညာသင်နှစ်အဝေးသင် သင်တန်းများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပထမနှစ်၊ ဒုတိယနှစ်နှင့်အထက် သင်တန်းများ ကျောင်းအပ်ခြင်းကို မေ ၃၁ ရက်အထိ သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်များတွင် ဆောင်ရွက်ပေးခဲ့ကာ ယခုမူ ကျောင်း အပ်လက်ခံမည့်ရက်ကို ထပ်တိုးထားခြင်းဖြစ်ကြောင်း သိရသည်။
(008)