နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးလိပ်နှင့် ကျန်းမာရေး သတိပြုလိုက်နာ

ဆေးလိပ်အန္တရာယ်သည် သောက်သုံးသူကိုသာမက အနီး ပတ်ဝန်းကျင်နေသူများကိုပါ အန္တရာယ်ပြုနိုင်သည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း ဆေးလိပ်မသောက်သူများသည် တစ်ဆင့် မီးခိုးရှူရှိုက်မိပြီး ရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း သတိပေး ကြေညာချက်များ ထုတ်ပြန်ထားသည်။

ဟောင်ကောင်တွင် စီးကရက်နှင့် ဆေးရွက်ကြီးတင်သွင်းခြင်း ထုတ်လုပ်ခြင်း ရောင်းချခြင်းတို့ကို တားမြစ်ထားပြီး နှစ်နှစ်အကြာ တွင် လူငယ်များ၏ ကျန်းမာရေးအတွက် အီး-စီးကရက်သုံးစွဲမှု တားမြစ်ပိတ်ပင်ရေးအစီအစဉ်ကို ဇွန် ၇ ရက်တွင် စတင်သည်။ ဟောင်ကောင်တွင် အီးစီးကရက်တင်သွင်းသူ မည်သူမဆို ထောင် ဒဏ်ခုနစ်နှစ်နှင့် ဒဏ်ငွေဟောင်ကောင်ဒေါ်လာနှစ်သန်း ချမှတ်နိုင် ပြီး ရောင်းချသူနှင့် ထုတ်လုပ်သူများကို ထောင်ဒဏ်ခြောက်လအထိ သတ်မှတ်မည်ဟု CNA က ဆိုသည်။

ယခုအခါ ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးလိပ်သောက်သုံး ခွင့်မရှိသောနေရာများကို ထုတ်ပြန်ကြေညာထားသည်။ ဆေးလိပ်   သောက်သုံးခွင့်မရှိသောနေရာများသည် ဆေးရုံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ဆေးကုသဂေဟာနှင့် ဆေးခန်းများ၊ ကလေးကစား ကွင်းများ၊ အားကစားကွင်းနှင့် အားကစားရုံများ၊ တက္ကသိုလ် ကောလိပ်စာသင်ခန်းများ၊ စာသင်ကျောင်းများနှင့် ပတ်ဝန်းကျင် နေရာများ၊ ရုပ်ရှင်ရုံများ ဇာတ်ရုံ ဈေးဝယ်စင်တာများ ဈေးရုံ များ အများပြည်သူသုံး စာကြည့်တိုက်များ မော်တော်ယာဉ်နှင့် လေယာဉ်များ၊ လေအေးပေးစက်တပ်ဆင်ထားသော ခန်းမများ ပါဝင်သည်။

သို့အတွက် ဆေးလိပ်သောက်သုံးသူများအနေဖြင့် အများနှင့် သက်ဆိုင်သော နေရာများ၌ ဆေးလိပ်သောက်သုံးခြင်းကို သတိ ပြုရှောင်ကြဉ်ရန် လိုအပ်သည်။ အကောင်းဆုံးမှာ ဆေးလိပ်ကို မဖြစ်မနေ သောက်တတ်သူများအနေဖြင့် မိမိဆန္ဒကြောင့် အခြား သူများအား အန္တရာယ်မဖြစ်စေရန် ကန့်သတ်တားမြစ်ထားသော နေရာများ၌ မသောက်မိဖို့ လိုအပ်သည်။

နှစ်စဉ် ဆေးလိပ်မီးခိုးအန္တရာယ်ကြောင့် ရောဂါဖြစ်ပွားသူ အများအပြားရှိသည်။ အထူးသဖြင့် ကလေးများနှင့်ကိုယ်ဝန်ဆောင် မိခင်များသည် ဆေးလိပ်မီးခိုးအန္တရာယ်ကို ခံစားနေကြရသည်။ ဆေးလိပ်မီးခိုးအတွင်း လူကို ဘေးဖြစ်စေနိုင်သည့် ဒြပ်ပစ္စည်း အမြောက်အမြားပါဝင်လျက်ရှိသည်။ ဆေးလိပ်မီးခိုးရှုရှိုက်မိပါက ရေရှည်တွင် ရောဂါတစ်ခုခုခံစားရနိုင်သည်။

သို့ဖြစ်ရာ ဆေးလိပ်သောက်သုံးခွင့်မရှိသော နေရာများတွင် ဆေးလိပ်သောက်သုံးခြင်းအား  လိုက်နာ စောင့်ထိန်းသင့်ပါ ကြောင်း။     






အခြားဆက်စပ်သတင်းများ