ဇွန် ၆ ရက်က ဒုတိယတိရစ္ဆာန်ဆေးကုမှူး ဒေါက်တာနွယ်နီဝင်း ဦးစီးအဖွဲ့သည် ဈေးများနှင့်ကုန်စည်ပွဲရုံများ ဌာနက ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၁) ရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ပိတောက်မြိုင်လမ်းထောင့် ရှိ မဟာမြိုင်စျေးအတွင်း ရောင်းချလျက်ရှိသည့် အသားဆိုင်(၁၄)ဆိုင်၊ ငါးပုဇွန်ဆိုင် (၂၄)ဆိုင် တို့မှအသား/ငါးပုဇွန်များသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ စစ်ဆေးခြင်း၊ အသားများကို ဌာနခွဲ၊ရုံခွဲများရှိ လိုင်စင်စီများမှ တရားဝင်ထုတ်လုပ်သော အသားများဟုတ်/မဟုတ်ပြေစာဖြင့် တိုက်စစ်ဆေးခြင်း၊အသားတံဆိပ်ဆေးဆွဲထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊တရားဝင်အသားနှင့်တရားမဝင်အသားရောနှောရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်၍ လိုအပ် သည်များကြပ်မတ်ဆောင်ရွက်ကြစဉ်။
ယဉ်မွန်