နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆန်တန်ချိန် ၁၃၀,၀၀၀ ကျော်တင်ပို့ရန် ဆိပ်ကမ်းရှစ်ခု သင်္ဘောရှစ်စင်း ဆိုက်ကပ်

ရန်ကုန်   ဇွန် ၈

ပြည်ပသို့ ဆန်တန်ချိန် ၁၃၀,၀၀၀ ကျော်တင်ပို့နိုင် ရန်အတွက် ပြည်တွင်း ဆိပ် ကမ်း ရှစ်ခုတွင်သင်္ဘော ရှစ် စင်းဆိုက်ကပ်ထားကြောင်း သိရသည်။

အဆိုပါ ဆိပ်ကမ်း ရှစ်ခု ဖြစ်သည့်အလုံအပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းမှ ဆန် တန်ချိန် ၁၂,၅၀၀၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း မှ ဆန်တန်ချိန် ၁၂,၅၀၀၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း မှ ဆန်တန်ချိန် ၁၀,၀၀၀၊ WILMAR ဆိပ်ကမ်းမှဆန် တန်ချိန် ၉,၈၀၀ နှင့် ဆူးလေ ဆိပ်ကမ်း မှ ဆန်တန်ချိန် ၉၁,၁၂၀ စုစုပေါင်း ဆန်တန်ချိန် ၁၃၅,၉၂၀ တင်ပို့သွားမည်ဖြစ် သည်။(ယာပုံ)

ပြည်ပပို့ကုန်များအနက်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်/ ဆန်ကွဲတန်ချိန် နှစ်သန်း ခွဲတင်ပို့ရန် လျာထားရာ သက်ဆိုင်ရာအသင်းအဖွဲ့များ နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍     လအလိုက် လျာထားသတ်မှတ် ချက်အတိုင်း တင်ပို့နိုင်ရန်                                                 

စာ- ၇ သို့

စာ-၁၂ ဆန်ချိန် ၁၃၀,၀၀၀ ကျော်တင်ပို့ရန် ဆိပ်ကမ်းရှစ်ခု မှ

ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဆန်တန်ချိန် ၇၄, ၀၀၀ ထပ်မံတင်ပို့ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း များသို့ သင်္ဘောလေးစင်း ရောက်ရှိမည်ဖြစ်သည်။










အောင်မြင့်ဌေး

(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ