နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်နိုင်ငံတွင် Covid-19 ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရန် အကျဉ်းသား ၅၄၀၀၀ ကို ယာယီလွှတ်ပေး

လူအပြည့်အသိပ်ရှိနေသည့် အကျဉ်း ထောင်များတွင် Covid-19 (ကိုရိုနာ ဗိုင်းရပ်စ်သစ်)ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက် ရန်အတွက် အီရန်နိုင်ငံက အကျဉ်းသား ၅၄၀၀၀ ကျော်ကို ယာယီလွှတ်ပေးခဲ့သည်။ စစ်ဆေးမှုများပြုလုပ်ရာတွင် Covid- 19 ကူးစက်ခံရခြင်းမရှိသည့် အကျဉ်းသား များကို အာမခံကြေးပေးခိုင်းပြီး အကျဉ်း ထောင်မှ ယာယီလွှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း တရားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ အီစမိုင်လီက ပြောသည်။ ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံထားရပြီး လုံခြုံရေးတင်းကျပ်ထားရသည့် အကျဉ်း သား များကို လွှတ်ပေးမည်မဟုတ်ပေ။ အကျဉ်းကျခံနေရသည့် အီရန် နွယ်ဖွား ဗြိတိန်နိုင်ငံသူ ဇာဂါရီရက်ကလစ်ဖ် မှာလည်း သိပ်မကြာခင် ပြန်လွတ်လာဖွယ် ရှိသည်ဟု ဗြိတိန်လွှတ်တော်အမတ်တစ်ဦး က ပြောသည်။ ဇာဂါရီရက်ကလစ်ဖ်မှာ တီဟီရန်မြို့ရှိ အီဗင်အကျဉ်းထောင်တွင် Covid-19 ကူးစက်ခံခဲ့ရဖွယ်ရှိပြီး အာဏာပိုင်များက ယင်းကို ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိ/မရှိ စစ်ဆေးပေးရန် ငြင်းဆန်ခဲ့သည်ဟု ဇာဂါရီရက် ကလစ်ဖ် ၏ ခင်ပွန်းက ပြောသည်။ သို့သော် ဇာဂါရီရက်ကလစ်ဖ် မှာ ယင်း၏မိသားစုနှင့် မကြာခဏ အဆက်အသွယ်လုပ်ခဲ့ပြီး ကျန်းမာရေးကောင်းသည်ဟု ပြောခဲ့ ကြောင်း အီစမိုင်လီက ပြောသည်။ ဇာဂါရီရက်ကလစ်ဖ်မှာ သူလျှို လုပ်သည်ဆိုသည့် စွဲချက်ကြောင့် ၂၀၁၆ ခုနှစ်က ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရ သည်။ ဇာဂါရီရက်ကလစ်ဖ်က အဆိုပါ စွဲချက်ကို ငြင်းဆန်ခဲ့သည်။ ဗြိတိန်နိုင်ငံ ဘက်ကလည်း ဇာဂါရီရက်ကလစ်ဖ်တွင် အပြစ်မရှိဟု ဆိုသည်။ ကမ္ဘာတစ်ဝန်းတွင် Covid-19 ကူးစက် ခံရသူ ၉၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃၁၁၀ ရှိသည်။ အီရန်နိုင်ငံတွင် ကူးစက် ခံရသူ ၂၃၃၆ ယောက်ရှိပြီး ပြီးခဲ့သည့် ၂ ပတ်အတွင်း အနည်းဆုံး လူ ၇၇ ဦး သေဆုံးခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ