နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာပိုလီအသင်း နည်းပြသစ်အဖြစ် ကွန်တီ ကို ခန့်အပ်

ဇွန် ၇

နာပိုလီအသင်းသည်ယာယီ နည်းပြ ကယ်ဇိုနာ၏ နေရာတွင် ဂျူဗင်တပ်အသင်း နည်းပြ ဟောင်း ကွန်တီကို နည်းပြသစ် အဖြစ်  ခန့်အပ်ခဲ့ပြီး လာမည့် ၂၀၂၇ ခုနှစ်အထိ သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့ သည်။

နာပိုလီအသင်းသည် ပြီးခဲ့ သည့် ဘောလုံးရာသီက နည်းပြ စပယ်လက်တီ လက်အောက်တွင် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ သော်လည်း နည်းပြ စပယ်လက် တီအသင်းမှ ထွက်ခွာပြီးနောက် ပိုင်း ရလဒ်ဆိုးများဖြင့် ရုန်းကန် ခဲ့ရပြီး နည်းပြသုံးဦးထိ အပြောင်းအလဲ ပြုလုပ်ခဲ့ရကာ ယာယီနည်းပြ ကယ်ဇိုနာလက် ထက်တွင်လည်း အသင်းအနေ ဖြင့် ရလဒ်ပိုင်း တိုးတက်လာ ခြင်းမရှိသဖြင့် ရာသီပိတ်သိမ်း ချိန်တွင် ချန်ပီယံဆုကို ကာကွယ် ခွင့် ဆုံးရှုံးခဲ့ရပြီး အဆင့် ၁၀ ၌ သာ ရပ်တည်နိုင်ခဲ့သောကြောင့် ဥရောပပြိုင်ပွဲ ကစားခွင့်နှင့်ပါ လွဲချော်ခဲ့ရသည်။ 

ထို့ကြောင့် နာပိုလီအသင်း ဥက္ကဋ္ဌ လော်ရန်တစ်နှင့်တာဝန် ရှိသူများက နည်းပြသစ်တစ်ဦး ခန့်အပ်ရန် ကြိုးပမ်းခဲ့ရာ စီးရီး အေတွင် အင်တာမီလန် ဂျူဗင် တပ်အသင်းတို့နှင့်အတူ အမှတ် ပေးဖလား လေးကြိမ်ရယူနိုင်ခဲ့ သည့် နည်းပြ ကွန်တီကို ခေါ်ယူ ရန် ချိတ်ဆက်ခဲ့ပြီး ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ သုံးနှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့ ကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ