နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာဇီယို ကွင်းလယ်ကစားသမား ကာမာဒါကို ပဲလေ့စ်အသင်းခေါ်ယူ

ဇွန် ၆

ပဲလေ့စ်အသင်းသည် လာဇီ ယိုအသင်းမှ အလွတ်ပြောင်းရွှေ့ ခွင့်ဖြင့် ထွက်ခွာခဲ့သည့် ကွင်း လယ်ကစားသမား ကာမာဒါကို ခေါ်ယူခဲ့ပြီး နှစ်နှစ်စာချုပ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်းသိ ရသည်။

ဂျပန်ကစားသမား ကာမာ ဒါသည် ပြီးခဲ့သည့် နွေရာသီက ဖရန့်ဖတ်အသင်းမှ လာဇီယို အသင်းသို့ အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ရောက်ရှိခဲ့ပြီး နည်းပြ ဆာရီလက်အောက်တွင်ပုံစံ ကောင်းရရှိရန် ရုန်းကန်ခဲ့ရသော် လည်း နည်းပြသစ် တူဒေါလက် ထက်တွင် ခြေစွမ်းပိုင်းတိုးတက် လာခဲ့သူဖြစ်ပြီး စာချုပ်ကုန်ဆုံး ချိန်တွင် လာဇီယိုအသင်းက သက်တမ်းတိုးရန် ကမ်းလှမ်းမှု မပြုလုပ်ခဲ့သောကြောင့် ပဲလေ့စ် အသင်းသို့ ပြောင်းရွှေ့ရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၇ နှစ်အရွယ်ရှိ ကာမာဒါသည် လာဇီယိုအသင်း မှ ထွက်ခွာခဲ့ပြီးနောက် ယခင် ဖရန့်ဖတ်နည်းပြဟောင်း ဂလက်စ် နာ တာဝန်ယူနေ့သည့် ပဲလေ့စ် အသင်း၏ ကမ်းလှမ်းမှုကိုလက်  ခံခဲ့ပြီး နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သဖြင့် ရက်ပိုင်းအတွင်း ဆေးစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကာ ဆေးအောင်ပါက အပြီး သတ်လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း သည်။








သူရိန်






အခြားဆက်စပ်သတင်းများ