နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒူးဒဏ်ရာကြောင့် French Open တင်းနစ်ပြိုင်ပွဲမှ ဂျိုကိုဗစ်နုတ်ထွက်

ဇွန် ၆

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပနေသည့် French Open တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်တွင် အာဂျင်တီးနား တင်းနစ်ကစား သမား စီရန်ဒိုလိုအား အနိုင်ရရှိကာ ကွာတားဖိုင်းနယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် ဂျိုကိုဗစ်သည် စတုတ္ထအဆင့်တွင် ရရှိခဲ့ သော ဒဏ်ရာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို ဆက်လက်ယှဉ်  ပြိုင်ကစားနိုင်တော့မည်မဟုတ်ဘဲ ပြိုင်ပွဲမှ နုတ်ထွက်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဂျိုကိုဗစ်သည် ကွာတားဖိုင်နယ်အဆင့်တွင် နော်ဝေတင်းနစ် ကစားသမား ကပ်စပါရုဒ်နှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သော် လည်း ဒူးဒဏ်ရာမှာ ပြင်းထန်သည့်အတွက်ကြောင့် ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့ပြီး ကပ်စပါးရုဒ်အနေဖြင့် ကွာတားဖိုင်နယ် အဆင့်ကို ယှဉ်ပြိုင်ကစားရန် မလိုတော့ဘဲ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ဂျိုကိုဗစ်သည် ကစားသမားဘဝ သက်တမ်းတစ်လျှောက် ဂရန် စလန်ဆုဖလား ၂၅ လုံးအထိ ဆွတ်ခူးနိုင်ရေး ပစ်မှတ်ထားနေ သော်လည်း ဒဏ်ရာကြောင့် ဆုဖလားနှင့်လွဲချော်ခဲ့ရကာ ကမ္ဘာ့ အဆင့် (၁) နေရာကိုပါ လက်လွှတ်ရမည့်အရေးဖြင့် ရင်ဆိုင်နေရ သည်။ ယခုအခါတွင် ဂျိုကိုဗစ်၏ ဒဏ်ရာအား စကန်ဖတ်စစ်ဆေး ရာတွင် ဒူးဒဏ်ရာမှာ အနည်ငယ်ပြင်ထန်သည့်အတွက် ကာလရှည် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ