နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖူလ်ဟမ် ကစားသမား အဒါရာဘီအိုယိုကို ခေါ်ယူရန် ချဲလ်ဆီးအသင်း သဘောတူညီမှုရ

ဇွန် ၅

ချဲလ်ဆီးအသင်းသည် နည်းပြ မာရက်စ်ကာကိုနည်းပြ သစ်အဖြစ်ခန့်အပ်ခဲ့ပြီးနောက် ကစားသမား ခေါ်ယူမှုစတင်ခဲ့ ရာ ဖူလ်ဟမ်အသင်း ခံစစ်ကစား သမား အဒါရာဘီအိုယိုကိုခေါ်ယူ နိုင်ရန် ကလပ်အသင်းနှစ်ခုကြား သဘောတူညီမှုရရှိခဲ့ကြောင်းသိ ရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ခံစစ်ကစားသမား အဒါရာဘီအို ယိုသည် ချဲလ်ဆီးအသင်းနှင့် တရားဝင်စာချုပ်ကိစ္စများဆောင် ရွက်ရန် လန်ဒန်မြို့သို့ရောက်ရှိ နေပြီး လာမည့် ရက်သတ္တပတ် အတွင်း အသင်းနှင့်ဆေးစစ်မှုခံ ယူသွားမည်ဖြစ်သည်။

ချဲလ်ဆီးအသင်းသည်အဒါ ရာဘီအိုယိုကို ခေါ်ယူနိုင်ရန် ဘောလုံးရာသီကုန်ဆုံးကတည်း က ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ရာ ပရီးမီးယားလိဂ်ပြိုင်ဘက်နယူး ကာဆယ်အသင်းနှင့်ယှဉ်ပြိုင် ခဲ့ရသော်လည်း နည်းပြ မာရက်စ်ကာ ရောက်ရှိချိန်တွင် သဘောတူညီမှု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်အဒါရာဘီအိုယို သည် ဖူလ်ဟမ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ သော ကြောင့် ချဲလ်ဆီးအသင်းက အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ် ယူနိုင်မည်ဖြစ်ပြီး အသင်းမှ ထွက်ခွာသွားသည့် ခံစစ်ကစား သမား ဆေးလ်ဗား၏နေရာ တွင် အစားထိုးရန် ဆုံးဖြတ်ထား ကြောင်း သိရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ