နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အကောင်းဆုံး ကစားသမားဆု ဗင်နီစီးယက်စ် ဆွတ်ခူး

ဇွန် ၄ 

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ တစ်နှစ် တာအကောင်းဆုံး ကစားသမား ဆုကို ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဗင်နီစီးယက်စ်က ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရ သည်။

ဗင်နီစီးယက်စ်သည် ယခု နှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ် အသင်း ချန်ပီယံဆုဆွတ်ခူးနိုင် ခဲ့ရာတွင် အဓိက ကစားသမား အဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပြီး နောက် အကောင်းဆုံးကစား သမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗင်နီစီးယက်စ်သည် အသင်းနှင့်အတူခြောက်ဂိုးထိ သွင်းယူကာ ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူးဟယ်ရီကိန်း နှင့် ပီအက်စ်ဂျီအသင်းတိုက်စစ် မှူး အမ်ဘတ်ပီတို့ပြီးလျှင် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ပါ ရပ်တည်နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု တွင်လည်း လေးကြိမ်ထိပြုလုပ် နိုင်ခဲ့ကာ အသင်းဖော်ဘယ်လင်  ဂမ်နှင့် ဒေါ့မွန်အသင်းမှဆာဘစ်  ဇာပြီးလျှင် တတိယမြောက် ဖန် တီးမှုအများဆုံး ကစားသမား အဖြစ်ပါ ရပ်တည်နိုင်ခဲ့သည်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ တစ်နှစ် တာအကောင်းဆုံး လူငယ်ကစား သမားဆုကိုလည်း ရီးရဲလ်မက် ဒရစ်အသင်း ကွင်းလယ်ကစား သမား ဘယ်လင်ဂမ်ကရရှိခဲ့ ကြောင်း သိရသည်။           







သူရိန်






အခြားဆက်စပ်သတင်းများ