နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗက်ကွက်ဇ်ကို စာချုပ်သက်တမ်းတိုးရန် ရီးရဲလ်မက်ဒရစ်အသင်း သဘောတူညီမှုရရှိ

ဇွန် ၄ 

ရီးရဲလ်မက်ဒရစ်အသင်း သည် ယခုနှစ် နွေရာသီတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် တောင်ပံခံစစ်ကစားသမား ဗက် ကွက်ဇ်ကို ၂၀၂၅ ခုနှစ် နွေရာသီ အထိ တစ်နှစ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ကြောင်းသိ ရသည်။

အသက် ၃၂ နှစ်အရွယ်ရှိ ကစားသမားအနေဖြင့် ယခင် က စာချုပ်ကုန်ဆုံးပါက အသင်း မှ ထွက်ခွာရန် စီစဉ်ထားသော် လည်း အသင်း တာဝန်ရှိသူများ က ချိန်ပီယံလိဂ်ဖလား ရယူနိုင် ခဲ့ပြီးနာက် ဆက်လက်ထိန်း သိမ်းရန် ကြိုးပမ်းခဲ့ပြီး ဗက် ကွက်ဇ်အနေဖြင့် အသက် ၃၀ ကျော်နေသောကြောင့် အသင်း ၏ မူဝါဒအတိုင်း တစ်နှစ်သက် တမ်းတိုးရန်သာ ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ သဘောတူညီမှု ရရှိခဲ့ပြီး မကြာမီ အတည်ပြု ကြေညာမည်ဖြစ်သည်။

ဗက်ကွက်ဇ်သည် ယခုနှစ် တွင် အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲထိ ပါဝင်ကစားပေးခဲ့ပြီး လာလီဂါဆုဖလား၊ စပိန်စူပါ ဖလားနှင့်ချန်ပီယံလိဂ်ဆု ဖလားတို့ရရှိအောင် စွမ်းဆောင် နိုင်ခဲ့သဖြင့် အသင်းတာဝန်ရှိ သူများက သက်တမ်းတိုးရန် ကြိုးပမ်းခဲ့ရာ ၎င်းအနေဖြင့် သဘောတူခဲ့သောကြောင့် မိုဒရစ် ပြီးလျှင် အသင်းနှင့် လက်တွဲရန် ဆုံးဖြတ်ခဲ့သည့် နောက်ဆုံး ကစားသမားဖြစ်လာခဲ့သည်။








သူရိန်






အခြားဆက်စပ်သတင်းများ