နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ရန် ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာမည်

ဧပြီ ၇၊ တိုကျို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကိုတိုက်ဖျက်ရန် ကြိုးစားသည့်အနေဖြင့် ဂျပန်နိုင်ငံ မြို့တော် တိုကျိုမြို့နှင့် တခြားဒေသခြောက်ခုတွင် အရေးပေါ်အခြေအနေကြေညာတော့မည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးကဏ္ဍကို အထောက်အပံ့ဖြစ်စေရန်အတွက် အကြီးအကျယ် ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်ကိုလည်း ရှင်ဇိုအာဘေးက ကြေညာခဲ့သည်။ ဂျပန်နိုင်ငံမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ပမာဏ နည်းပါးသော်လည်း တိုကျိုမြို့တွင် ကူးစက်ခံရသူ တဟုန်ထိုးမြင့်တက်နေရာ ကမ္ဘာ့အကြီးဆုံးမြို့တစ်မြို့ဖြစ်သည့် တိုကျိုမြို့တွင် ကပ်ဘေးကြီး ပေါ်ပေါက်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။ ဂျပန်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၈၅ ဦး ရှိနေပြီး တိုကျိုမြို့တွင် ကူးစက်ခံရသူ ၁၀၀၀ ကျော် ရှိနေသည်။ အဆိုပါပမာဏဟာ လွန်ခဲ့သည့်ရက်သတ္တပတ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာပါက တစ်လနီးပါး ကြာမြင့်မည်ဖြစ်ပြီး တိုကျို၊ အိုဆာကာနှင့် အခြားစီရင်စု ၅ ခုအပေါ် အကျုံးဝင်သက်ရောက်လိမ့်မည်ဟု ဆိုသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ