နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာအမျိုးသားလေကြောင်း၏ (၁၀)ကြိမ်မြောက် စင်ကာပူ-ရန်ကုန် Relief Flight ကိုယခုလ ၈ ရက်တွင် ပြေးဆွဲပေးမည်

ရန်ကုန်  ဇူလိုင် ၃


ယခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း မြန်မာအမျိုးသားလေကြောင်း(MNA)၏ (၁၀)ကြိမ်မြောက် စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)ကို ဇူလိုင် ၈ ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေရပ်သို့ပြန်လိုကြသော စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဆင်ပြေစေရန်အတွက် မြန်မာအမျိုးသားလေကြောင်း(MNA)နှင့် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်ကာ စင်ကာပူ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များကို ယခုနှစ်၊ မေလမှစပြီး ပျံသန်းပြေးဆွဲပေးခဲ့ရာ ယခုထပ်မံ၍ (၁၀)ကြိမ်မြောက် စင်ကာပူ-ရန်ကုန် Relief Flight အား ပျံသန်းပြေးဆွဲပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။


အဆိုပါ (၁၀)ကြိမ်မြောက် စင်ကာပူ-ရန်ကုန် Relief Flightကို ပြေးဆွဲရာ၌ဇူလိုင် ၈ ရက်၊ ညနေ၃ နာရီခွဲတွင် စင်ကာပူနိုင်ငံမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်း Relief Flight ခရီးစဉ်တွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ် ကြောင်း၊ လေယာဉ်လက်မှတ် ဝယ်ယူလိုသူများနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုသူများသည် ဖုန်းနံပါတ်62388603 ၊ 92707058 နှင့်အီးမေးလ်လိပ်စာ flymna@discovertheworld.com.sg တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


ထို့အပြင် မြန်မာအမျိုးသားလေကြောင်း (MNA) မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာ အစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။


  (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ